ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား

ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA စစ်သားတို့မှ ပြည်သူ့နေအိမ်ထဲ နေရာယူထားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ကြားရှိ ဗန်းမောက်ရွာအတွင်းတွင် PNO တပ်သားများက ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေရာယူထားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးလည်း ဖြတ်တောက်ထားကြောင်း ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ လက ဒီ ဖယ်ခုံဘက် တိုက်ပွဲဖြစ်တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက PNO စစ်သားတွေက ရွာထဲကို လာပြီး နေရာယူထားတာ၊ အဲ့တုန်းက စစ်ကောင်စီတပ်သားတွေလည်း ပါတယ်၊ သူတို့က (စကစ) ဒီလဆန်းပိုင်းထဲမှာ ပြန်သွားကြတယ်၊ အခု ရွာထဲမှာ PNO တွေကျန်နေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ PNO ပြည်သူ့စစ်

ထို့အပြင် လက်ရှိ PNO တပ်သားများ နေရာယူထားသည့် ဗန်းမောက်ကျေးရွာအပြင် ဖယ်ခုံမြို့နယ်မှ ရွှေပြည်အေး ၊ ကသဲရွာ နှင့် ပင်လောင်းမြို့နယ်မှ ဗန်းမောက် ၊ ကုန်းပေါ် ၊ နမ်းဖာမူ စသည့် ကျေးရွာတို့မှလည်း မီးဖြတ်တောက်ခံရကြောင်း ဒေသံများက ပြောသည်။

“တိုက်ပွဲဖြစ်တုန်းကတော့ တိုက်ပွဲဖြစ်လို့ မီးဖြတ်သလားပေါ့နော်၊ ဒါပေမဲ့ အခု တိုက်ပွဲက ငြိမ်သွားပြီ၊ စစ်ကောင်စီတွေလည်း တော်တော်များများ ဆုတ်သွားပြီ၊ ရွာတွေထဲမှာ PNO စစ်သားတွေပဲ ကျန်တော့တယ်၊ ဒါပေမဲ့ မီးကတော့ ဖြတ်ထားတုန်းပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် ဖယ်ခုံမြို့၊ မိုးဗြဲမြို့ တို့ဘက်၌ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှု ရှိသည့်အပြင် စစ်ကောင်စီတို့၏ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သတင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...