သီပေါမြို့ အမျိုးသမီးတစ်ဦး KBZ pay ငွေလွှဲအချက်အလက် ပေါက်ကြားမှုဖြင့် ဖမ်းဆီးသွား

သီပေါမြို့ အမျိုးသမီးတစ်ဦး KBZ pay ငွေလွှဲအချက်အလက် ပေါက်ကြားမှုဖြင့် ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက် ကိုငယ် မိုဘိုင်းဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် အိမ်တွင်းလာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်ဖြင့် မြို့လယ်ရပ်ကွက်၊ မင်္ဂလာလမ်းရှိ ၎င်းအမျိုးသမီးတစ်ဦး၏ နေအိမ်ကို ရောက်ရှိလာပြီး မိုဘိုင်းဖုန်းရှိ KBZ pay အကောင့်ထဲတွင် ငွေလွှဲမှု အချက်အလက် နှင့် KBZ pay အကောင့်ထဲရှိ ပိုက်ဆံများကို မသင်္ကာမှုကြောင့် ဖမ်းဆီးသွားခဲ့ကြောင်း သီပေါမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Kpay

“လွန်ခဲ့တဲ့ ၆ ရက်လောက်က လာဖမ်းသွားတာ။ KBZ pay အကောင့်ထဲက ငွေလွှဲအချက်လက် စစ်ဆေးတယ်၊ အကောင့်ထဲက ပိုက်ဆံများလို့ဆိုပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်သွားတယ်။ ဖမ်းလည်းဖမ်းသွားပြီးတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က အကြမ်းဖက် ဉပဒေချလိုက်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းထဲရှိ အချက်လက်များကို စစ်ကောင်စီတပ်ဖွဲ့မှ (ဆော့လ်ဝဲ ) အသစ်တစ်ခုထည့်သွင်းပြီးနောက် ယခင်က ဖျက်ထားသော အချက်လက်များလည်း ပြန်ပေါ်လာပြီး အဆိုပါ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀ (ည) ဖြင့် ချမှတ်လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ KBZ pay အကောင့်ထဲရှိ ငွေလွှဲ၊ ငွေလဲလှယ်သည့် အချက်အလက်များကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးမှု ပြုလုပ်ခြင်းကို ပြည်သူများလည်း ထိတ်လန့်စိုးရိမ်နေကြောင်း သီပေါဒေသခံ တစ်ဦးက ပြောသည်။

“ အခုက ငွေလွှဲ၊ ငွေထုတ်တာ အရင်လိုမျိုး လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး။ ကိုယ့်အကောင့်ထဲက ပိုက်ဆံများလို့ ဖမ်းခံရတဲ့ အဆင့်ရောက်နေတာတော့ စိုးရိမ်တာပေါ့။ ကိုယ်ရဲ့အချက်အလက်တွေလည်း မလုံခြုံတော့ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်က ဆီဆိုင်မြို့နယ်မှ အဆောင်ဖွင့်ထားသည့် ကျောင်းဆရာတစ်ဦး၏ Kpay အကောင့် ငွေ အဝင်၊ အထွက် များသောကြောင့် အကောင့်ပိတ်ခံလိုက်ရပြီး လက်ရှိမှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...