မိုးဗြဲမြို့ လင်းယုန် PDF တပ်ဖွဲ့ဝင် (၃) ဦးရုပ်အလောင်းကို ရေတွင်းထဲတွေ့ရှိ

မိုးဗြဲမြို့ လင်းယုန် PDF တပ်ဖွဲ့ဝင် (၃) ဦးရုပ်အလောင်းကို ရေတွင်းထဲတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာကျေးရွာတွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် လင်းယုန်တပ်ခွဲ PDF (၂) ဦး နှင့် သိန်းငှက်တပ်ခွဲ (၁) ဦး ရုပ်အလောင်းကို ရေတွင်းထဲ ပြန်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်တင်ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင် ၃ ဦး ရုပ်အလောင်းကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

PDF တပ်ဖွဲ့ဝင် (၃) ဦးရုပ်အလောင်းကို ရေတွင်းထဲတွေ့ရှိ

သေဆုံးသွားသည့် ရုပ်အလောင်း ၂ ခုသည် တိုက်ပွဲအတွင်း ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးသည် ဒဏ်ရာရရှိပြီး စစ်ကောင်စီက နှိပ်စက်မှုကြောင့် သေဆုံးသွားကြောင်း မိုးဗြဲ PDF လင်းယုန် တပ်ခွဲက ထုတ်ပြန်ထားသည်။

ထိုအပြင် သေဆုံးသွားသည့် ရုပ်အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့က ရေတွင်းထဲပစ်ချလိုက်ပြီး ငှက်ပျောဖက်ဖြင့်ဖုံးအုပ်ထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီက ပြည်သူကို ဒိုင်းကာအဖြစ် တိုက်ခိုက်ခဲ့သောကြောင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...