ပုံးအင်း စပါးဈေးနှုန်းမြင့်တက် စားသုံးသူအတွက် အခက်ကြုံနေ

ပုံးအင်း စပါးဈေးနှုန်းမြင့်တက် စားသုံးသူအတွက် အခက်ကြုံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး စပါးဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ကျော်မြင့်တက်လာနေကြောင်း သိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ ယနေ့ထိ ပုံးအင်းဒေသထွက် ရွှေအပ်စပါးဈေးနှုန်း (၄) တင်း (၈၀ ပိသာ) မှာ မြန်မာကျပ်ငွေ တသိန်းတသောင်း (၁၁၀,၀၀၀) ကျပ်၊ ရွေးစပါးဈေးနှုန်း (၄) တင်း (၈၀ ပိသာ) ကို မြန်မာကျပ်ငွေ ခုနစ်သောင်း (၇၀,၀၀၀) ကျပ်အထိ ပေးဝယ်နေကြောင်း ပုံးအင်းဒေသ စပါးပွဲစား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်တွေက စပါးဈေးနှုန်းမရှိဘူး။ အခုတော့ စပါးဈေးနှုန်းတက်လာတယ်။ အရင်က ရွှေအပ်စပါး (၄) တင်းကို အများဆုံး (၆) သောင်းထိပဲ ပေးဝယ်တယ်။ ရွေးစပါး (၄) တင်းဆိုရင် အများဆုံးကိုတောင်မှ (၃)သိန်း ကျော်ထိ လောက်ဘဲ ပေးဝယ်တာ။ အခု စပါးဈေးတက်ပေမဲ့ ရောင်းမယ့်သူကတော့ သိပ်မရှိသေးဘူး“ ဟု ၎င်းပွဲစား တစ်ဦးကပြောသည်။

ယခုလက်ရှိတွင် စစ်ကောင်စီ လက်ခံအောက် မြန်မာနိုင်ငံဘဏ်မှ ငွေအပြောင်းအလှဲမှုကြောင့် စပါးဈေးနှုန်း မြင့်တက်လာသော်လည်း စပါးဈေးနှုန်းမှာ တည်ငြိမ်မှုမရှိသေးသဖြင့် ပြန်လည်ကျဆင်းမှုရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် စပါးဈေးနှုန်းမြင့်တက်မှုကြောင့် စာသုံးသူများအတွက်လည်း အခက်ခဲ ရှိနေကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စပါးက ဈေးတက်တယ်ဆိုပေမဲ့ စပါးရောင်းဖို့အတွက်တော့ မရှိတော့ဘူး။ စပါးရေမြှုပ်တော့ ရောင်းဖို့အတွက်က မကျန်တော့ဘူး။ စပါးဈေးတက်လာတော့ ဆန်ဈေးလည်း တက်တယ်။ ဆန်စက်ရုံမှာ ဈေးသာနေတာက ရွေးဆန်တစ်ခုပဲ။ အခုလည်း ဈေးသာတဲ့ဆန်ပဲ ဝယ်ထားရတာပေါ့။ ရွေးဆန် (၄၆) အလေးချိန် တစ်အိတ်ကို မြန်မာကျပ်ငွေ (၃၇,၀၀၀) ထိတော့ ပေးရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပုံးအင်းဒေသသည် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုကို ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် အဆမတန် ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ပုံးအင်းစပါးများ ဝယ်ယူသူ နည်းပါးပြီး ပုံးအင်းလယ်သမားများမှာ ဆန်ဈေးကို ဈေးကြီးကြီးဖြင့် ဝယ်ယူ စားသုံးနေရကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...