ပင်လောင်း – လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော်ထပ်မံရောက်ရှိ စားနပ်ရိက္ခာလိုအပ်

ပင်လောင်း – လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော်ထပ်မံရောက်ရှိ စားနပ်ရိက္ခာလိုအပ်
စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်
စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု လွယ်ကြိန်းကျေးရွာတွင် မိုးဗြဲတိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ဒုတိယအပတ်ထဲတွင် လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် တိုက်ပွဲရှောင်လာရာ ယခုတွင် စားနပ်ရိက္ခာအတွက် အရေးပေါ် အကူအညီ လိုအပ်နေ ကြောင်း စစ်ရှောင်ကူညီသူ ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်စစ်ရှောင်ဦးရေက (၆၅၀) ကျော်လောက်တော့ ရှိတယ်။ အခုက မိုးဗြဲဘက်မှာ တိုက်ပွဲဖြစ်လို့ ထပ်ရောက်လာတယ်။ လူဦးရေကတော့ (၇၅၀) ကျော်လောက်တော့ ရှိသွားပြီ။ တဲတွေ ထပ်ဆောက်ပေးတယ်။ စားနပ်ရိက္ခာအတွက်လည်း လိုအပ်နေတယ် “ ဟု ၎င်း ကော်မတီဝင်တစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈) ရက်မှစပြီး ယနေ့ထိ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ပြည်သူများ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နမ့်တုပ်ကျေးရွာအုပ်စု မှ စစ်ရှောင်များသည် ဆေးရုံ၊ ဆေးခန်း နှင့်လက်လှမ်းဝေးသောကြောင့် လက်ရှိမှာ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားသူများအတွက်လည်း ဆေးဝါးလိုအပ်နေကြောင်း သိရသည်။

“ဒီနေရာက ဖယ်ခုံမြို့ နဲ့ ပိုနီးပါတယ်။ ပင်လောင်းမြို့ကို သွားမယ်ဆိုရင် (၂၅) မိုင် လောက်တော့ ဝေးတယ်။ ဒီမှာက ဆေးရုံ၊ ဆေးခန်းနဲ့လည်း ဝေးတယ်။ ရာသီတုပ်ကွေး ဖြစ်ရင် ဆေးဝါးက မရှိဘူး။ တချို့တွေတော့ သက်သာလာပြီ၊ ရာသီတုပ်ကွေးဖြစ်လိုက် ပျောက်လိုက် နဲ့ အခုဖြစ်တဲ့သူ ဦးရေတော့ သေချာမသိရဘူး။ ဆေးဝါးတွေတော့ လိုအပ်နေတယ် “ ဟု ၎င်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

သျှမ်းပြည်တောင်ပိုင်း အတွင်းရောက်ရှိနေသော စစ်ရှောင်များကို မိုးရာသီအကုန် (အောက်တိုဘာလ) တွင် နေရပ်ပြန်ပို့ရမည်ဟု နိုင်ငံတော် ဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌမှ ညွှန်ကြားထားကြောင်းလည်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...