မိုးဗြဲမြို့ စစ်ရှောင်စခန်း လက်နက်ကြီးကျ ကလေး(၂) ဦးအပါဝင် (၄) ဦးသေဆုံး

မိုးဗြဲမြို့ စစ်ရှောင်စခန်း လက်နက်ကြီးကျ ကလေး(၂) ဦးအပါဝင် (၄) ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းတွင် စစ်ရှောင်များနေထိုင်သည့် မွေတော်ကျောင်းထဲသို့ လက်နက်ကြီးကျကာ ကလေး (၂) ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၅) ရက် ညပိုင်းမှ စပြီး ယနေ့ နံနက်ပိုင်းထိ စစ်ကောင်စီဘက်မှ တဖတ်သတ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး (၂) ဦး အပါအဝင် (၄) ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲမြို့ ဒေသခံအမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ မနက် တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ သူတို့ဘက်က တစ်ဖက်သတ်ပစ်လာခဲ့တာ။ စစ်ရှောင်တွေ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ပစ်လာခဲ့တာ။ ကလေး (၂) ယောက် သေတယ်။ လူကြီး (၂) ယောက် သေတယ်။ ၁၃ ဦးထက် မနည်း ဒဏ်ရာရကြတယ်။ စုစုပေါင်း ပြည်သူ (၄) ယောက်သေတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ သတင်းရေးသားချိန်မှစပြီး မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲစတင်ဖြစ်ပွားနေပြီး ပြည်သူများ မြို့ပေါ်မှ ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။

“မိုးဗြဲမြို့ပေါ်က ပြည်သူတွေ မြို့ပေါ်ကနေ ထွက်ခွာသွားဖို့ လိုနေပါတယ်။ တချို့ကလည်း ထွက်ပြေးနေကြပြီ။ မြို့ပေါ်မှာ ဆက်နေလို့ မရဘူး။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတယ်” ဟု မြို့တွင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ် (၂) ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ ရက်နေ့မှစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ (၅) ဦး သေဆုံးခဲ့ကာ ထိုထဲတွင် ကလေး (၃) ဦး ပါဝင်ကြောင်းသိရသည်။ ထို့အပြင် (၁၅) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...