NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်

NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၄) ရက် တွင် ဒေါ်မမလေး နှင့် သူမ၏ သားကို တောင်လေးလုံးထောင်ထဲရှိ တရားရုံး၌ အမှုစစ်ဆေးပြီး ထောင်ဒဏ် (၆) နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

“ မနေ့ကမှ ပဲ ထောင်ဒဏ်ချမှတ်လိုက်တာ။ တောင်လေးလုံးထောင်ထဲမှာပဲ သူတို့က အမှုစစ်ဆေးပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တာ။ သူသားနဲ့အတူ တောင်လေးလုံးထောင်ထဲမှာပဲ ထားထားပြီးတော့ အမှုစစ်ခဲ့တာ။ ဘာအမှုနဲ့ ချလည်းတော့ ကျနော်လည်း အသေချာမသိရသေးဘူး” ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီ မှ ဒေါ်မမလေး၏သားဖြစ်သူ ကိုနေမျိုးထက်ကို ရိုက်နှက်ထားပြီး အမှုစစ်ဆေးခဲ့ကြောင်း သိရသည်။

“ ဒေါ်မမလေးတော့ နှိပ်စက်ခံထားရလားတော့ မသိဘူး။ သူသားတော့ နှိပ်စက်ခံထားရတယ်။ ရိုက်ခံထားရတယ်။ ပြီးတော့ လျှပ်စစ်နဲ့ တို့ခံထားရတာတော့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်မမလေးသည် သျှမ်းပြည် မဲဆန္ဒနယ် အမှတ် (၉) ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မှ အနိုင်ရရှိသည့် NLD အမတ် တစ်ဦးဖြစ်သည်။

ဒေါ်မမလေးကို မေလ ၁၄ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင်လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဒေါ်မမလေးသည် ၂၀၁၅ နှင့်၂၀၂၀ ရွေးကောက်ပွဲတွင် ဓနုဒေသ ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်တို့ (၂) ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...