တောင်ကြီးမြို့မှ အမျိုးသမီး (၄) ဦးကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်

တောင်ကြီးမြို့မှ အမျိုးသမီး (၄) ဦးကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်
တောင်ကြီး ခရိုင် တရားရုံး
တောင်ကြီး ခရိုင် တရားရုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံထားရသည့် အမျိုးသမီး (၄) ဦးကို အာဏာသိမ်း စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။

တောင်ကြီးမြို့မှ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသမီး ၄ ဦးကို စက်တင်ဘာလ ၅ ရက်တွင် အမိန့်ချ လိုက်ခြင်းဖြစ်ကြောင်း တရားရုံး နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိမှာတော့ တိုက်ကွမ်တို သင်တဲ့ ဆရာမ နန်းနှင်းကေ အမည်စာရင်းပဲ သိရသေးတယ်၊ တခြား အမျိုးသမီး ၃ ယောက် နာမည်တော့ မသိရသေးဘူး၊ စုစုပေါင်း ၄ ယောက်ကို တစ်ယောက်ထောင်ဒဏ် လေးနှစ်စီ ချလိုက်တာ” ဟု ၎င်းက ပြောသည်။

တိုက်ကွမ်တို ဆရာမနန်းနှင်းကေ တို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ‌၁၀ ရက်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ တစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံရကြောင်းလည်း သိရသည်။

အဆိုပါ အမျိုးသမီး (၄) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) တောင်ကြီးမြို့နယ် တရားရုံးမှ ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်တွင်လည်း အသက် ၄၀ နှစ် အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦး သည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ရသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...