ရွာငံမြို့နယ် စစ်ကောင်စီ အင်အားဖြည့်၊ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရွာငံမြို့နယ် စစ်ကောင်စီ အင်အားဖြည့်၊ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ စစ်အင်အားဖြည့်တင်းမှုများ ရှိနေပြီး အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်တွင် ရွာငံမြို့နယ်အတွင်းသို့ စစ်ကောင်စီ အများအပြားရောက်ရှိလာပြီး ရွာမကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စခန်းချနေထိုင်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့နောက်ပိုင်းတွင် ရွာငံနှင့် ပင်းတယဆက်သွယ်ထားသည့် ကောင်းဘိုရွာလမ်း တစ်လျှောက်တွင် စစ်အင်အား ဖြန့်ကာ ကင်းပုန်းများချထားကြောင်း သိရသည်။

“စစ်ကားအကြီး ၄ စီး၊ ကားအငယ်က ၅ စီးနဲ့ စစ်အင်အား ၁၀၀ လောက်တော့ရှိတယ်၊ အဲ့ထဲမှာ ရိက္ခာတင်တဲ့ ကားက တစ်စီးပေါ့၊ ရွာမဘုန်းကြီးကျောင်းမှာ စခန်းချတယ်၊ အဲ့ညနေပိုင်းမှာတော့ ရွာငံနဲ့ ပင်းတယကြားက ဘောင်းဘိုရွာလမ်း တစ်လျှောက်မှာ ကင်းပုန်းချထားတယ်” ဟု အမည်မဖော်လိုသူ ရွာငံဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင်လည်း ရွာငံမြို့ပေါ်ရှိ ဈေးတန်းရပ်ကွက်မှ အမျိုးသမီးကိုလည်း ဒလန်၏လမ်းပြမှုဖြင့် သူမနေအိမ်အထိ စစ်ကောင်စီတပ်ဖွဲ့တို့မှ သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ နေရာတော်တော်များများတွင် အခိုင်အမာ တပ်စွဲလာကြပြီး စစ်ရှောင်ပြည်သူများအတွက် ငွေရေးကြေးရေးအထောက်အပံ့များပါ ရှားပါးလာခြင်း နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားရန်၊ ရပ်တည်ရန် အတွက် ပိုမိုခက်ခဲလာကြောင်းလည်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...