မူဆယ်မြို့ မြန်မာ-တရုတ်ငွေလဲလှယ်အိမ် ဓားပြတိုက်ခံရ

မူဆယ်မြို့ မြန်မာ-တရုတ်ငွေလဲလှယ်အိမ် ဓားပြတိုက်ခံရ
ဓားပြတိုက်ခံရသည့်နေအိမ်
ဓားပြတိုက်ခံရသည့်နေအိမ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ – တရုတ်ငွေလဲလှယ်သည့် အိမ်ကို စက်တင်ဘာ ၇ရက် နံနက် (၆) နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် (၃) ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အမည်မသိ လက်နက်ကိုင် (၃) ဦးသည် ထိုနေ့နံနက် (၆) နာရီဝန်းကျင်တွင် ကားတစ်စီးဖြင့် မြန်မာ–တရုတ်ငွေလဲလှယ်သည့် နေအိမ်ကိုရောက်လာပြီး သေနတ်တို၊ ရှည် နှင့် ဓားတို့ကိုင်ဆောင်လာပြီး သေနတ်တစ်ချက်ပစ်ဖောက်ကာ ဓားပြတိုက်သွားကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကားတစ်စီးနဲ့ လူ (၃) ယောက်လာတာ။ သေနတ်တွေလည်း အရှည်၊ အတိုတွေပါတယ်။ ဓားလည်းပါတယ်။ သေနတ်ကို တစ်ချက်ဖောက်ပြီးတော့ ဓားပြလာတိုက်သွားတာ။ အဲ့ဒီအိမ်က တရုတ်ငွေလဲပေးတဲ့အိမ်ဖြစ်တယ်။ ဗီရိုတွေ၊ မီးခံသေတ္တာတွေ အိပ်ခန်းတွေ အားလုံးမွှေသွားတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဓားပြတိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ငွေ သိန်း (၅၀၀) ဝန်းကျင် ဆုံးရှုံးသွားသည့်အပြင် အိမ်တွင်းတပ်ဆင်ထားသည့် CCTV များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။

“ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေ့မဲ ပိုက်ဆံ သိန်း (၅၀၀) လောက်တော့ ပါသွားတယ်။ သူတို့တွေက CCTV တွေကိုလည်း ဖြုတ်သွားတယ်” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မူဆယ်ခရိုင်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ပြည်သူ့စစ် အများအပြား လှုပ်ရှားရာ နယ်မြေဖြစ်သည်။

ထို့အပြင် မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများနေ့စဉ်နဲ့အမျှရှိနေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှု မရှိကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...