သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး
 သေဆုံးသူ ကိုအောင်ဇော်ဦး
သေဆုံးသူ ကိုအောင်ဇော်ဦး

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက် တွင် အေးသာယာမြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ကိုအောင်ဇော်ဦးသည် စစ်ကြောရေး စခန်းတွင် ရရှိခဲ့သည့် ဒဏ်ရာဖြင့် ယနေ့ (စက်တင်ဘာ ၆) ရက် အသက် ၄၀ နှစ်အရွယ်တွင် သေဆုံးသွားကြောင်း အမည်မဖော်လိုသူ တောင်ကြီးမှ နိုင်ငံရေးသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကြောရေးဒဏ်ကြောင့် မလို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဆေးရုံတင်ထားရတာပေါ့။ ဒီနေ့ မနက်မှာပဲ ဆုံးသွားပြီ။ ခြေထောက် ၂ ချောင်း ကျိုးတယ်။ နံရိုး ၃ ချောင်းကျိုးတယ်” ဟု ၎င်းက ပြောသည်။

ကိုအောင်ဇော်ဦးသည် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထောင်ကျဖူးခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။

အလားတူ ကိုအောင်ဇော်ဦး နှင့်အတူ SSPDF/TPDF မှ ရဲဘော်များဖြစ်သည့် အောင်နိုင်ဖြိုး ၊ စိုင်းထက်ဟိန်းကျော်၊ လင်းကိုကို ၊ ဖြူဖြူစံ၊ ကေသီစိုး နှင့် ဖြိုးမြတ်သွယ် တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးထဲတွင် ပါဝင်လာပြီး SSPDF/TPDF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် သြဂုတ် ၂၈ ရက် တွင်ဖွဲ့စည်းခဲ့ပြီး ကိုအောင်ဇော်ဦးကို နာယက အဖြစ်ခန့်အပ်ခဲ့သည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...