ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ပြည်သူ (၃) ဦးထိမှန်

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ပြည်သူ (၃) ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ကုန်းပေါကျေးရွာ၊ တောင်ပို့ကြီးကျေးရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီး တဖတ်သတ် ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီမှ ကုန်းပေါကျေးရွာနှင့် တောင်ပို့ကြီးကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူလူငယ် (၃) ဦး ထိမှန်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီက သူတစ်ဖက်သတ် ပစ်လိုက်တာ။ ရွာထဲပစ်တာ။ ပြည်သူ (၃) ယောက် ထိသွားတယ်။ ၃ ယောက်က ဆိုင်ကယ် စီးလာနေတဲ့ချိန်မှာ လက်နက်ကြီးက ပေါက်ကွဲပြီး ရှောင်ပုန်းလိုက်တဲ့ချိန်မှာ ထိသွားတာ။ ဒဏ်ရာတော့ အရမ်းကြီး မစိုးရိမ်ရဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ (၃) ဦးသည် လုံခြုံသည့်နေရာတွင်ရောက်ရှိနေပြီး ဆေးကုသနေကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ဖယ်ခုံ PDF တို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ မှ တဖတ်သတ် ပစ်ခတ်နေကြောင်း သိရသည်။

“အခုက တိုက်ပွဲငြိမ်နေသေးတယ်။ တိုက်ပွဲက မဖြစ်ဘူး။ သူတို့က တစ်ဖက်သတ်ပဲ ပစ်နေတာ။ စစ်ရေးတင်းမာနေတာလည်း မရှိဘူး။ သူတို့ကပဲ တစ်ဖက်သတ်ပဲပစ်နေတာ” ဟု ဖယ်ခုံမြို့နယ် PDF တပ်ရင်း ၂ တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်တွင်လည်း လွယ်ပေါကျေးရွာထဲသို့ စစ်ကောင်စီက လက်နက်ကြီး၊ ငယ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး လက်မောင်းထိမှန်ခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...