လောက်ကိုင်မြို့ ပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံဆိုင်ခန်းများကို အဓမ္မသိမ်းဆည်း

လောက်ကိုင်မြို့ ပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံဆိုင်ခန်းများကို အဓမ္မသိမ်းဆည်း
 ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်လွင်
ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်လွင်

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ ရပ်ကွက် (၂) ရှိ ပြည်သူ့ဆိုင်ခန်းများကို ပြည်သူ့စစ်တပ်ဖွဲ့က လူအင်အား အများအပြားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်၊ မနက် (၇) နာရီ အချိန်တွင် ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူဆိုင်ခန်း (၂) ခန်းကို လူအင်အား အများအပြား နှင့် ဘက်ဖိုးကားတစ်စီးဖြင့် ဆိုင်ခန်းများကို အဓမ္မသိမ်းယူပြီး ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ခန်းနီးစပ်သူ တစ်ဦးထံမှ သိရသည်။

“ခင်မောင်လွန် ဦးဆောင်တဲ့ ပြည်သူ့စစ်က ဆိုင်ခန်းတွေကို (၃) ရက်အတွင်း ဖယ်ရှားခိုင်းဖို့ လာပြောတယ်။ သြဂုတ် ၃၀ ရက်ရောက်တော့ လူအင်အား ၃၀ နဲ့ ဘက်ဖိုးကား တစ်စီးပါလာတယ်။ ဆိုင်ခန်းထဲက ပစ္စည်းတွေ အကုန်ထုတ်တယ်။ ဆိုင်ပိုင်ရှင်တွေက ရွာသားတွေကို ခေါ်ပြီးတားကြတယ်။ အဲ့ဒါနဲ့ သူတို့က လူအင်အား ထပ်ခေါ်လာတယ်။ လူအင်အား (၁၀၀) လောက်ရှိတယ် ဆိုင်ခန်းတွေကို လာဖျက်ဆီးသွားတာ“ ဟု ၎င်းနီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါ ဆိုင်ခန်းများသည် ဆိုင်ခန်းပေါင်း (၅) ခန်းရှိပြီး အကျယ်အဝန်းမှာ (၁၄) ပေ နှင့် အလျား (အရှည်) မှာ (၇၀) ပေ ကျော်ရှိကြောင်း ထိုထဲမှ ဆိုင်ခန်း (၂) ခန်းမှာ ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းဆိုင်ခန်း ဧရိယာနေရာတွင် ဒေသဖွံ့ဖြိုးရေး ဆောက်လုပ်ရန် ဆိုင်ခန်းများကို လာရောက် ဖြိုဖျက် ကြောင်း သိရသည်။

“ဒေသဖွံ့ဖြိုးရေး ဆောက်လုပ်မယ်ဆိုတာက အမည်ခံထားတာ။ သူတို့က လူငှားနေဖို့ အဆောက်အအုံလုပ်ချင်တယ်။ လောင်းကစားရုံလုပ်ချင်တယ်။ အဲ့ကြောင့် ပြည်သူပိုင်တဲ့နယ်မြေကို အဓမ္မလာသိမ်းသွားတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ၂၀၁၄ ခုနှစ်တွင် ၎င်းပြည်သူ့စစ်တပ်ဖွဲ့က ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ယူပြီး ဆိုင်ခန်းများ ရောင်းပေးရန်အတွက် ဖိအားပေးခဲ့ကြောင်း အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ခန်းတွေက ကျမတို့တရားဝင် အဖြစ်ရထားပါတယ်။ ၂၀၁၄ ခုနှစ် ပထမတစ်ခေါက်တုန်းကလည်း ကျမတို့အပါအဝင် ဆိုင်ပိုင်ရှင်အားလုံးကို အစည်းအဝေး ခေါ်ဖူးတယ်။ ဒီဆိုင်ခန်းဧရိယာ အားလုံးကို ရောင်းပေးဖို့ ဖိအား ပေးတယ်။ တရုတ်ယွမ်ငွေ (၃,၀၀၀) ယွမ်ကိုလည်း ပေးခဲ့တယ်။ ကျမတို့လည်း သဘောမတူဘူးလို့ ပြောပေမယ့်မရဘူး “ ဟု ၎င်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် (၂၀၁၆) ခုနှစ်တွင် ခင်မောင်လွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းဆိုင်ခန်းပိုင်ရှင်များကို အကြောင်းကြားထားမှုမရှိဘဲ တရားဝင်အဖြစ် ဝယ်ထားခဲ့ကြောင်း ၎င်းဆိုင်ပိုင်တစ်ဦးက ထပ်လောင်းပြောသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...