ရွာငံမြို့နယ် PDF တပ်ဖွဲ့ဝင် နှင့် အမျိုးသမီး ၂ ဦး အပါအဝင် ရွာသားတချို့ဖမ်းဆီးခံရ

ရွာငံမြို့နယ် PDF တပ်ဖွဲ့ဝင် နှင့် အမျိုးသမီး ၂ ဦး အပါအဝင် ရွာသားတချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်နှင့် အမျိုးသမီး ၂ ဦးအပါအဝင် ရွာသားတချို့ ဖမ်းဆီးခံ လိုက်ရကြောင်း သိရသည်။

သြဂုတ်လ ၂၈ ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ခရီးမှ ပြန်ရောက်လာသည့် PDF တပ်ဖွဲ့ဝင် နှစ်ဦး နှင့် အမျိုးသမီး နှစ်ဦးတို့သည် ရွာငံမြို့နယ် ကျောက်ပုံကျေးရွာအနီး အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့ဆုံပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းဆီးခံရတဲ့ အမျိုးသား နှစ်ဦးက PDF တပ်ဖွဲ့ဝင်လို့ပဲ သိရပါတယ်၊ ဘယ်အဖွဲ့ဝင်မှန်းတော့ မသိရဘူး၊ အမျိုးသမီး နှစ်ဦးကလည်း ခရီးကနေပြန်လာရင်းနဲ့ PDF နဲ့ ပတ်သက်တယ်ဆိုပြီးတော့ ဖမ်းလိုက်တာတဲ့၊ ဘယ်ကို ဖမ်းခေါ်သွားမှန်းတော့ မသိရဘူး” ဟု ရွာငံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ (သြဂုတ်လ ၂၉ ) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရွာငံမြို့မှ ရေဦးကျေးရွာခံ အမျိုးသား တစ်ဦးလည်း စစ်ကောင်စီတို့မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ဖမ်းခံရတဲ့ ရွာသားက အိမ်သစ်တက်ထားတာ မကြာသေးဘူး၊ ရိုးရိုးသာမာန်ပြည်သူပါပဲ၊ ဘာကြောင့်ဖမ်းခေါ်သွား လဲ မသိရဘူး” ဟု မြင်တွေ့ရသည့် ဒေသခံအမျိုးသားက ပြောသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ အခိုင်အမာတပ်စွဲထားသဖြင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်လှုပ်ရှားရန်နှင့် စစ်ရှောင်ပြည်သူများ၊ ဒေသခံများအတွက် ငွေရေးကြေးရေး ဆေးဝါး ကုသရေး အထောက်အပံ့များပါ ရှားပါးလာကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...