လားရှိုးမြို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား

လားရှိုးမြို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား
ဓါတ်ပုံ။ လားရှိုးရေကြီးရေလျှံဖြစ်ပွား
ဓါတ်ပုံ။ လားရှိုးရေကြီးရေလျှံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရှိ ရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် (၂၆) ရက် ညနေပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက် (၁) မှ ရပ်ကွက် (၉) ထိစီးဆင်းနေသော ရေနုတ်မြောင်းရေများက ရေလျှံထွက်ပြီး အနိမ့်ပိုင်းရှိရပ်ကွက်များသည် သြဂုတ် (၂၇) ရက်နေ့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်း လားရှိုးပရဟိတ အသင်းထံမှ သိရသည်။

“ တောင်ကျချောင်းရေများရင်တော့ ရပ်ကွက် (၁) က လမ်းနဲ့ မန္တလေး-လားရှိုးလမ်းမှာ ရေတက်တယ်။ အဲ့တစ်ညရေတက် တာတော့ မြို့တွင်းက မြောင်းရေလျှံပြီး ရေတက်တာ “ ဟု ၎င်းပရဟိတအသင်းထံမှ သိရသည်။

ရေကြီးရေလျှံမှုကြောင့် လားရှိုးအနိမ့်ပိုင်းရှိ ရပ်ကွက် (၇) ၊ ရပ်ကွက် (၈) ၊ ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၂) နေအိမ်များတွင် မိုးရေများသည် ခါးလောက်ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်ညအတွင်း မိုးများအဆက်မပြတ် ရွာသွန်းလိုက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သဖြင့် ရက်ကြာမိုးများရွာသွန်းလျှင် ဒီထက်မက ရေကြီးရေလျှံဖြစ်ပွားမှုကို စိုးရိမ်နေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

“ အခုလက်ရှိ ရေမြောင်းတွေက ဒီထက်ပိုကောင်းရင်တော့ ကောင်းတယ်ပေါ့ဗျာ။ ညပိုင်းမှာ မိုးကြီးတယ်။ နောက်တစ်နေ့မှာတောင် မိုးကသိပ်ပြီးမရွာတော့ဘူး။ တစ်ညနဲ့တစ်ရက် ရွာလိုက်တဲ့မိုးသည် ရေကအတော်ကို ကြီးသွားတယ်။ (၄-၅) ရက်လောက် မိုးရွာရင်တော့ ဒီထက်ပိုပြီး စိုးရိမ်စရာ တစ်ခုတော့ရှိတာပေါ့” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့ရှိ တာကွမ်ကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ် (၁၂) ရက်တွင် ရေကြီးရေလျှံဖြစ်ပွားပြီး နေအိမ် (၉၁) လုံး ရေကြီးဒဏ်ကို ခံစားနေရကြောင်း ထိုထဲမှ နေအိမ် (၁၀) လုံးခန့်မှာ ပျက်စီးဆုံးရှုံးမှုများကြောင်း သတင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...