ကော့ကရိတ်မြို့ပေါ် ခရိုင်ရဲမှူးရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကို KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက် ရဲမှူးအပါအဝင်သေဆုံးမှုရှိ

ကော့ကရိတ်မြို့ပေါ် ခရိုင်ရဲမှူးရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကို KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက် ရဲမှူးအပါအဝင်သေဆုံးမှုရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်အား ဩဂုတ် ၁၅ ရက်နေ့ နံနက် ၁၀ နာရီလောက်ခန့်တွင် KNU/PDF ပူးပေါင်းအဖွဲ့ မော်တော်ယာဉ်နှင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရဲမှူးအပါအဝင် သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နစကကောင်စီ လုံခြုံရေးဘက်က ရဲမှူးအပါအဝင် ၁၂ ယောက်သေဆုံးခဲ့ကြောင်း၊ လက်နက် ၆ လက်သိမ်းဆည်းရမိပြီး တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါတိုက်ပွဲတွင် ရဲ ၆ ဦး သေဆုံးကြောင်း အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ အင်္ဂဘိုကျေးရွာအနီး၌ ယမန်နေ့ နံနက် ၉ နာရီခန့်က KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်း မြန်မာစစ်တပ် နှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ စဥ်ဆက်မပြတ် လုပ်ဆောင်လာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် ရင်ဆိုင်တိုက်ပွဲ များ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...