ကျိုက်ထီးရိုးစေတီတော်သို့ နှစ်လအတွင်း ပြည်တွင်း/ပြည်ပခရီးသွား ၁ သောင်းကျော် လာရောက်

ကျိုက်ထီးရိုးစေတီတော်သို့ နှစ်လအတွင်း ပြည်တွင်း/ပြည်ပခရီးသွား ၁ သောင်းကျော် လာရောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပ ခရီးသွား ၁၄၅၀၀ ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဇွန်လအတွင်းက ပြည်တွင်းဘုရားဖူး ၆၉၀၈ ဦးနှင့် ပြည်ပဘုရားဖူး ၃၄ ဦး လာရောက်ခဲ့ကြောင်း၊ ထို့အတူ ဇူလိုင်လအတွင်း ပြည်တွင်းဘုရားဖူး ၇၄၈၀ ဦးနှင့် ပြည်ပဘုရားဖူး ၉၇ ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"နှစ်လအတွင်း လာတဲ့ ပြည်ပခရီးသည် ၁၃၁ ဦးထဲမှာတော့ တစ်ဝက်ကျော်လောက်က ထိုင်းက အများဆုံးလာတာပဲ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ တောင်ပေါ်ဘုရားဖူးနိုင်ရန်အတွက် တောင်တက်ကားများကို အလှည့်ကျစနစ်ဖြင့် စီစဉ်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဘုရားဖူးများ တည်းခိုနိုင်ရန်အတွက် နားနေဆောင်များ ဖွင့်လှစ်ပေးထားပြီး ထမင်းဆိုင်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ နှစ်စဉ် ပြည်တွင်း/ပြည်ပ ခရီးသွား သုံးသန်းခန့် လာရောက်လေ့ရှိသော်လည်း ၂၀၂၀ ခုနှစ် ကိုဗစ်ဖြစ်ပွားချိန်မှ စတင်ကာ ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...