ပြည်စည်ပင် ဆိုင်းဘုတ်ခွန် တိုးကောက်

ပြည်စည်ပင် ဆိုင်းဘုတ်ခွန် တိုးကောက်

ပြည် စည်ပင်သာယာမှ လုပ်ငန်းသုံး ဆိုင်းဘုတ် အခွန်အခများ တိုးမြှင့် ကောက်ခံနေသည်ဟု မြို့ခံများက ပြောသည်။   

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်တွင် စည်ပင်သာယာရေး ဝန်ကြီးဌာနမှ လုပ်ငန်းသုံး ဆိုင်းဘုတ် အခွန်အခမျာအား ယခုနှစ် ဧပြီလမှ စတင်၍ ကောက်ခံနေခြင်း ဖြစ်ပြီး လုပ်ငန်းသုံး ဆိုင်းဘုတ် အခွန်အခများမှာ များလွန်းသောကြောင့် ပေးဆောင်ရန် အခက်အခဲများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ အသက် ၃၀ အရွယ် ဆိုင်ရှင် တစ်ဦးက “အခွန်မဆောင်ရင် ဆိုင်းဘုတ် ဖြုတ်ပေးရ မယ်တဲ့။ ကျမတို့အိမ်က ဆိုင်းဘုတ်ဖြုတ်ရင် မိုးရေဝင်လို့ အဆင်မပြေဘူး။ အရင်က ကျမတို့ဆိုင်က ဆိုင်းဘုတ် သေးတာရယ်။ ဆိုင်းဘုတ်ကို သစ်ပင်ကွယ်နေတာကြောင့် မဆောင်ရဘူး။ လုပ်ငန်းလိုင်စင်က အရင်ကတည်းက ပေးဆောင်ရတာ ဆိုတော့ထားပါ။ စားတတ်နေရေး ခက်ခဲတဲ့ကြားက ဆိုင်းဘုတ်ခွန်ပါ တစ်လ ၃၀,၀၀၀ ပေးနေ ရတာတော့ အဆင်မပြေဘူး” ဟု ပြောသည်။

ထိုဆိုင်ရှင်အနေဖြင့် အာဏာမသိမ်းခင်က ဆိုင်းဘုတ်အခွန်မပေးခဲ့ရသော်လည်း လက်ရှိတွင် စစ်ကောင်စီ လက် အောက်ခံ စည်ပင်ဌာနက လိုက်လံကောက်ခံနေ ဖြစ်သည်ဟု ပြောသည်။

နိုင်ငံတွင်း အကြပ်အတည်းများကြောင့် ပြည်မြို့များ ပြည်သူများလည်း အခြားသော မြို့နယ်များက ပြည်သူများ ကဲ့သို့ စားဝတ်နေရေး ခက်ခဲနေသည့်ကြားက ယခုကဲ့သို့ အခွန်ငွေ တိုးမြင့်ကောက်ခံနေမှုအား ပေးဆောင်ကြရ သည့်အတွက် မြို့နေပြည်သူများ အခက်တွေ့နေသည်ဟု ဆို သည်။

ပြည်မြို့၊ မြို့နယ်စည်ပင် သာယာရေး ဝန်ကြီးဌာနက ယခင် အာဏာမသိမ်းခင် ကာလများတွင် လုပ်ငန်းသုံး ဆိုင်း ဘုတ်ခွန်များကို သီးသန့်ကောက်ခံခြင်း မရှိပဲ လုပ်ငန်းလိုင်စင် အနေဖြင့်သာ ပေးဆောင်ရခြင်း ဖြစ်သည်ဟု မြို့ခံ လုပ်ငန်းရှင်အချို့က ပြောသည်။

ထို့ပြင် ဆိုင်းဘုတ် တစ်ပေလျှင် တစ်ထောင်ကျပ် ကောက်ခံမည်ဟု ညွှန်ကြားထားသော်လည်း လက်ရှိတွင် ဆိုင်း ဘုတ် ကြီး/ငယ် မရွေး လမ်းကြားဆိုင်များကိုပါ ၁၅,၀၀၀ ကျပ် ကောက်ခံနေသည်ဟု သိရသည်။

အလားတူ လမ်းမကြီးဘေးရှိ ဆိုင်များကိုမူ ၃၀,၀၀၀ ကျပ် အထိ ကောက်ခံနေသည်ဟု ပြည်မြို့က ဆိုင်ခန်းများဖွင့်ထားသည့် လုပ်ငန်းရှင်အချို့က ပြောသည်။

ထိုသို့ မြို့နယ်စည်ပင်မှ မတရား ကောက်ခံနေမှုကြောင့် မပေးနိုင်သော ဆိုင်များမှာ ဆိုင်းဘုတ်များကို ဖြုတ်ထား ကြသည်ဟု ဆိုသည်။

ပြည်မြို့ပေါ်တွင် စည်ပင် အခွန်သာမက နေ့စဉ် မီးပျက်နေ‌သော်လည်း ပေးဆောင်ရသည့် မီတာခွန်များမှာလည်း ယခင်ကထက် ပိုမိုကျသင့်နေ၍ မြို့နေပြည်သူများမှာ ပေးဆောင်ရန် အဆင်မပြေ ဖြစ်နေကြသည်ဟု ဆိုသည်။

“အရင် ခေတ်ကောင်းနေတုန်းကတော့ မီတာက တစ်လ ၃၀,၀၀၀ ဂိတ်ဆုံးပဲ။ အခုဆိုရင် မီးနေ့တိုင်းပျက်နေတဲ့ ကြားက တစ်လကို ၄၀,၀၀၀ ကျော်‌ ဆောင်ရတယ်။ တချို့လတွေဆိုရင် ၆ သောင်းအထိ ရောက်တယ်။ ဘာသုံး လဲ စဉ်းစားကြည့်တော့ ဘာမှမသုံးဘူး။ ၃ မိနစ်အိုးတို့ ဒယ်နီတို့တောင် မသုံးဘူး။ တစ်လတစ်လ ဈေးရောင်း ရ တဲ့ အမြတ်ကို ရှိသမျှ အခွန်ပေးနေရတာတော့ အဆင်မပြေဘူး။ အိမ်ထဲထိုင်ပြီး သူများတွေလို လကုန်ပေးပဲ လုပ်ချင်တော့တယ်” ဟု ပြည်မြို့ လမ်းမတော်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ပြည်မြို့တွင် အခွန်အခများ တိုးမြင့်ကောက်ခံနေသည် သာမက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကား၊ ဆိုင် ကယ်များပါ စစ်ဆေးမှုများ တင်းကြထားပြီး ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စဉ်များပါ စစ်ဆေးခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံများက မြို့ထဲသို့ သွားလာရန်ပင် ခက်ခဲနေကြသည်ဟု ပြောသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...