စစ်ဆေးရေးဂိတ်တွင် မောင်းပြေးသော ကားပေါ်မှ ပြုတ်ကျပြီး ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ဆေးရေးဂိတ်တွင် မောင်းပြေးသော ကားပေါ်မှ ပြုတ်ကျပြီး ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး သေဆုံး

ရိုဟင်ဂျာများ တင်ဆောင်လာသော ကားကို ရဲဖမ်းရာမှ အဖမ်းမခံဘဲ ထွက်ပြေးစဉ် အမျိုးသမီး နှစ်ဦး ကားပေါ်မှ ပြုတ်ကျပြီး တစ်ဦး သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်းလမ်း အတိုင်းမောင်းလာသည့်ကားတစ်စီးပေါ် မှ ရိုဟင်ဂျာ ၂၅ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးရာ ကားပေါ်က အမျိုးသမီး ၁ ဦးပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဂွ-ဗေဒါဂိတ် မှာ အစစ်မခံပဲ မောင်းပြေးလာတာ။ ရေကြည်ဂိတ် ကြတော့လည်း တောအုပ်ထဲ ထပ် မောင်းပြေးလို့ လိုက်ဖမ်းကြရတယ်” ဟု စစ်ကောင်စီ လက်အောက်ခံ (လဝက) ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

သြဂုတ်လ ၃ ရက်နေ့က ရိုဟင်ဂျာများ လိုက်ပါစီးနင်းလာသည့် ကားကိုဖမ်းဆီးရာ ဂွမြို့ ဗေဒါဂိတ်မှ အစစ်မခံပဲ မောင်းပြေးလာသည့် ကားဖြစ်ပြီး မိုင်တိုင် ၄၄/၁ တွင် ကားပေါ် က အမျိုးသမီး ၂ ဦး ပြုတ်ကျပြီး ၁ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ရေကြည် (၁၈) မိုင်ဂိတ်တွင် ပိတ်ဆို့ဖမ်းဆီးစဉ် လမ်းဘေး တောအုပ်တွင်းသို့ ထပ်မံမောင်းပြေးပြီး ကားကို တော စပ်တွင်ထားခဲ့သည်။ ထို့နောက် တောအုပ်အတွင်းသို့ ဝင်ပြေးကြသဖြင့် လိုက်ဖမ်းကြရခြင်း ဖြစ်သည်ဟု သိရ သည်။

ကားလမ်းဘေး တောအုပ်အတွင်းမှ ရိုဟင်ဂျာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၃ ဦး၊ မိုင်တိုင် ၄၀ အနီး ကားလမ်းပေါ်မှ အမျိုးသား ၁ ဦး၊ ကားပေါ်မှ ပြုတ်ကျသည့် သေဆုံး အမျိုးသမီး ၁ ဦး နှင့် ဒဏ်ရာရ အမျိုး သမီး ၁ ဦး တို့ အပါအဝင် ၂၅ ဦး ကို ဖမ်းမိသည်ဟု (လဝက) ဦးစီးဌာန နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ဧရာဝတီ မူဆလင်လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက “ကားပေါ်က ပြုတ်ကျတဲ့ ခလေးမလေးက ခေါင်းပွင့်ထွက် ပြီး သေရတာလို့သိရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများက ရခိုင်ပြည်နယ် မြောက်ပိုင်း ကျေးရွာများတွင် နေထိုင်ကြသူများ ဖြစ်ပြီး အလုပ်အကိုင် အတွက်  ဂွ-ငသိုင်းချောင်းလမ်းမှ ဧရာဝတီတိုင်း အတွင်းသို့ လာကြသူများ ဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။

ဖမ်းဆီးရမိထားသည့် ရိုဟင်ဂျာများကို ရေကြည်မြို့မ ရဲစခန်းတွင် သက်ဆိုင်ရာ ဌာနများက စစ်ဆေး ဆောင်ရွက် နေသည်ဟု ရေကြည်မြို့ သတင်းရင်းမြစ်များထံမှ သိရသည်။

Most read this week

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...
August 26, 2026
- တိုက်ပွဲနီးကပ်လာတာကြောင့် မြဝတီမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေ လေကြောင်းနဲ့...