မော်လမြိုင်မြို့ ရဲရိပ်သာရုံး ဗုံးပစ်ခတ်ခံရ

မော်လမြိုင်မြို့ ရဲရိပ်သာရုံး ဗုံးပစ်ခတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ပေါ်လမ်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းနေထိုင်သော ရဲရိပ်သာရုံး သြဂုတ် ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခံရကြောင်း သိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ထိခိုက်သည့် လူအရေအတွက်ကို သေချာ မသိရသေးကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

"ရိပ်သာရုံးကိုပဲ အဓိက ပစ်တာလို့ ထင်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတော့ရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး"ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ရဲတစ်ဦးနှင့် အရပ်သားတစ်ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မော်လမြိုင်တောင်ပေါ်တန်းတွင် ဖြတ်သွားသော ဆိုင်ကယ်များကို အဓိက စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က မွန်ပြည်နယ်လွှတ်တော် ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...