အသစ်ပြေးဆွဲနေသော မော်လမြိုင်- ရန်ကုန် အမြန်ရထား မိုင်းဆွဲခံရ

အသစ်ပြေးဆွဲနေသော မော်လမြိုင်- ရန်ကုန် အမြန်ရထား မိုင်းဆွဲခံရ

အသစ်ပြေးဆွဲနေသော မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန် အမြန်ရထား ဇူလိုင် ၃၁ ရက် ည ၈ နာရီ အချိန်ခန့်ကမိုင်းဆွဲခံခဲ့ရကြောင်း၊ ဘီးလင်းမြို့နယ် ဒုံဝန်းဘူတာမှ ဆက်လက်ထွက်ခွာလာချိန်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ရထားလမ်းမိုင်းဆွဲမှုကို ဒေသအခြေစိုက် KNU နှင့် PDF ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်များတွင် ရေးသားဖော်ပြခဲ့သည်။

"ရထားကိုတော့ ထိခိုက်တာ သိပ်မရှိဘူး။ ရထားလမ်းပဲ အဓိကထိတယ်။ လမ်းမှာပဲ ထောင်ထားတာ။ ခရီးသည်တွေကိုတော့ ထိခိုက်သွားတာ မရှိပါဘူး"ဟု ၎င်းက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်းပြတ်ထွက်ကာ အမှတ် ၂ ရိုးရိုးတန်း ရထားတွဲ လမ်းချော်ကျခဲ့သော်လည်းထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဒုံဝန်းဘူတာ အထွက် ရထားလမ်းပိုင်း ပျက်စီးသွားသောကြောင့် ပြင်ဆင်မှုများ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ် (၈၁) အဆန် အမြန်ရထားနှင့် မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန်အမြန်ရထား အစုန်-အဆန်အမြန် ရထား ၂ စင်းကို ဇူလိုင် ၂၅ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ညနေ ၆ နာရီ၊ ၈ နာရီနှင့် နံနက် ၆ နာရီ၊ ၈ နာရီတို့တွင် ရန်ကုန်မှလည်းကောင်း၊ မော်လမြိုင်မှလည်းကောင်း တပြိုင်တည်းထွက်ခွာလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက ကျိုက်ထိုမြို့နယ် မရမ်းကျေးရွာ မုပ္ပလင်ဘူ တာနှင့် ကျိုက္ကသာဘူတာ အကြား ရှိ ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရကြောင်း သတင်းများက ဖော်ပြသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...