လမိုင်းမြို့ ပရဟိတလူငယ်တစ်ဦး ပဟေဠိဆန်စွာ ညအချိန် သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

လမိုင်းမြို့ ပရဟိတလူငယ်တစ်ဦး ပဟေဠိဆန်စွာ ညအချိန် သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

ရေးမြို့နယ် လမိုင်းမြို့၌ ဇူလိုင် ၃၁ ရက်နေ့ ညက မော်တော်ဆိုင်ကယ်ဖြင့် အိမ်ပြန်လာသည့် ပရဟိတအသင်းဝင် လူငယ်တစ်ဦး ပဟေဠိဆန်စွာ သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက် ည ၁၁ နာရီခန့်က ဆိုင်ကယ်ဖြင့် မွေးနေ့ပွဲမှ အိမ်ပြန်လာသည့် ကိုလင်းအောင် (အသက် ၂၁ နှစ်) ကို ရဲစခန်းက မှားယွင်းပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ယူဆစရာရှိကြောင်း အမည်မဖော်လိုသော မြို့ခံတစ်ဦးက ပြောသည်။

"သေနတ်အသံကြားတာနဲ့ ခဏကြာ ရဲတစ်ယောက်ဖုန်းဆက်လာတယ်။ ဒီမှာ လူတစ်ယောက်ပစ်မိတယ်လို့ ပြောတယ်။ သွားကြည့်တဲ့အချိန်ကြတော့ ကိုယ့်ရွာက လူဖြစ်နေတယ်။ လူကိုတွေ့တာနဲ့ ဆေးရုံပို့ပေးလိုက်တယ်" ဟု ၄င်းမြို့ခံက ဆက်ပြောသည်။

သို့ရာတွင် ၄င်းဖြစ်စဥ်အပေါ် လမိုင်းမြို့မ ရဲစခန်းသို့ မွန်သတင်းအေဂျင်စီအနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အဆိုပါ သေဆုံးသူ ကိုလင်းအောင်၏ ခန္ဓာကိုယ်နောက်ကျောပြင်၌ ကျည်ဖောက်ဒဏ်ရာ တစ်ချက်၊ လည်ပင်းတစ်ချက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ လမိုင်းမြို့၊ နောင်တော်ကြီးစေတီဘေးလမ်းတွင် ကိုလင်းအောင်၏ ဘီးကောက်၊ လက်ကောက်၊ မော်တော်ဆိုင်ကယ်နှင့် သွေးကွက်များတွေရှိခဲ့သည့်နေရာကို အခင်းဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ယူဆရကြောင်း လမိုင်းပရဟိတလူငယ်များအဖွဲ့က လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်။

အသင်းသားဖြစ်သော ကိုလင်းအောင်သည် အသင်းရုံးမှ နေအိမ်သို့အပြန်လမ်းတွင် သေနတ်ဖြင့်ပစ်သတ်ခြင်းခံရကြောင်း လမိုင်းပရဟိတလူငယ်များအဖွဲ့ ဝမ်းနည်းကြောင်းမှတ်တမ်းတွင် ရေးသားဖော်ပြသည်။

ဓါတ်ပုံ - လမိုင်းမြို့မှ ပရဟိတလူငယ် ကိုလင်းအောင်

Most read this week

August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...