မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးခုတွင် မီတာမဆောင်သောကြောင့် မီတာဖြုတ်သိမ်း

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးခုတွင် မီတာမဆောင်သောကြောင့် မီတာဖြုတ်သိမ်း

မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် မုဒုံမြို့နယ်တို့တွင် မီတာခ လာရောက်ပေးဆောင်ခြင်း မရှိသည့် နေအိမ်၊ ဆိုင်ခန်းများကို မီတာဖြုတ်သိမ်းမှုများ လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

ဇွန်လအကုန်တွင် မီတာမဆောင်သည့် နေအိမ် ဆယ်လုံးကျော်ကို မီတာ ဖြုတ်သိမ်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တောင်စွန်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

"မီတာခကို ခွဲသွင်းဖို့ လာပြောတယ်။ အဲဒါက ပထမဆုံးပေါ့။ နောက်တော့ မသွင်းမနေ သွင်းရမယ် ပြောတယ်။ မသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့တော့ ပြောသွားတယ်။ အခု ၁၅ ရက်ကျော်လို့ လာမဆောင်တဲ့ အိမ်‌တွေက မီတာကို လိုက်သိမ်းတာ"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လက ဘီးလင်းမြို့နယ်အတွင်းရှိ ဇုတ်သုပ်၊ အလူး၊ ညောင်ပလ္လင်၊ တောင်စွန်းနှင့် ဝင်းက ကျေးရွာများကို မီးဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လာမည့် ဇူလိုင် ၂၄ ရက် နောက်ဆုံးထားကာ ဆောင်ရမည့် မီတာခကို မဆောင်သည့် နေအိမ်များရှိ မီတာလည်း ဖြုတ်သိမ်းခံရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သထုံမြို့နယ်တွင်လည်း မီတာလာရောက်ဆောင်ခြင်းမရှိသည့် နေအိမ် ၈ လုံးရှိ မီတာများကို ဖြုတ်သိမ်းထားကြောင်း သိရသည်။

အလားတူ ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်အတွင်းရှိ နေအိမ် ၅ လုံးရှိ မီတာများကို ဖြုတ်သိမ်းထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"နေအိမ်တစ်လုံးက လူမရှိတော့ဘူး။ လူမနေဘူး။ အရင်လက ဟာတွေလည်း မဆောင်ထားတော့ လာသိမ်းသွားတာ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဘီးလင်း နှင့် ကျိုက်ထို မြို့နယ်အတွင်းရှိ ကျေးရွားများသို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီတာခ လိုက်လံကောက်ခံနေကြောင်း သိရသည်။

ထို့ပြင် နစက ကောင်စီကလည်း မီတာခပေးဆောင်ကြရန်နှင့် ပေးဆောင်ခြင်းမရှိပါက မီတာ ဖြုတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...