ဆီဈေးနှုန်းကျဆင်း သျှမ်းပြည် ဆီပြတ်လပ် လယ်သမားများ ခက်ခဲနေဆဲ

ဆီဈေးနှုန်းကျဆင်း သျှမ်းပြည် ဆီပြတ်လပ် လယ်သမားများ ခက်ခဲနေဆဲ
လားရှိုးမြို့ရှိ ဆီဆိုင်တစ်ဆိုင် (ပုံဟောင်း)
လားရှိုးမြို့ရှိ ဆီဆိုင်တစ်ဆိုင် (ပုံဟောင်း)

ယခုရက်ပိုင်း မြန်မာပြည်တွင် ဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း သျှမ်းပြည်တွင်း ဆီပြတ်လပ်မှုကြောင့် လယ်သမားများ ဆီဝယ်ယူရန် အခက်အခဲ ဆက်လက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာရေနံစိမ်းဈေးကွက် တိုက်ရိုက်အချိုးကြသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကလည်း အနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းအဝယ်ဈေးကွက် လုပ်ငန်းရှင်များ မှ ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်းတွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် အမျိုးအစားလိုက် ပေါ်မူတည်ကာ ဈေးနှုန်း ၁၅၀ မှ ၂၀၀ အထိကို ဈေးနှုန်း ကျဆင်းနေကြောင်း သျှမ်းပြည်မြောက်ပိုင်းမှ စက်သုံးစီပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဇူလိုင် ၇ ရက်မှာတော့ 92 တစ်လီတာကို ၁၈၃၅ ကျပ်၊ 95 ကို ၁၉၅၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၂၂၅ ကျပ်ရောက်နေပါတယ်၊ စျေးနှုန်းတော့ကျလာပါတယ်၊ ဒါပေမဲ့ ရောင်းဖို့ဝယ်ဖို့ ဆီက ရှိမနေဘူး” ဟု စက်သုံးဆီပိုင်ရှင် တစ်ဦးက ပြောသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် စက်သုံးဆီ အမျိုးအစားအလိုက် ဈေးနှုန်း ၂၅၀၀ ကျပ် ဝန်းကျင် ရှိနေခဲ့ရာမှ လက်ရှိတွင် ၂၀၀၀ နှင့် ၂၀၀၀ အောက် ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျနေသော်လည်း မိုင်းရယ်မြို့မှ လယ်သမား ဦးကြီးများအတွက် ဆီဈေး ဝယ်ယူရန် အခက်အခဲများရှိနေကြောင်း သတင်းသိရသည်။

“ကျနော်တို့မြို့မှာတော့ ဆီတစ်ပုံးကို ခြောက်သောင်း၊ ခြောက်သောင်းခွဲပေးဝယ်ရတုန်းပဲ၊ ဒီဈေးနဲ့ ဝယ်ရတာတော့ အဆင်မပြေဘူးပေါ့ဗျ၊ ဒါပေမဲ့ လယ်ကထွန်ရမှာဆိုတော့ မတတ်နိုင်ဘူး၊ ဒါတောင် ဒီဆိုင်မရရင် ဟိုဆိုင်ပြေးဝယ်ရတာ” ဟု မိုင်းရယ်မြို့မှ လယ်သမားတစ်ဦးက ဆီဝယ်ရခက်ခဲသည့် အကြောင်းကို ပြောသည်။

လက်ရှိ အချိန်ကာလသည် စိုက်ပျိုးရေးရာသီ ဖြစ်သည့်အတွက် လယ်ထွန်စိုက်ပျိုးရန် စက်သုံးဆီများ အရေးကြီး လိုအပ်နေသော်လည်း လုံလောက်စွာ ဝယ်ယူနိုင်ခြင်းများ မရှိကြောင်းလည်း ၎င်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်အကြာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ဒေသခံပြည်သူ များစွာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အပြင် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများလည်း နေ့စဉ်နှင့်အမျှ ရှိလာနေကြောင်း သတင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...