KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် မိုးရေကို သောက်ရေသုံးရေ အဖြစ် အသုံးပြုနေရသောကြောင့် စစ်ရှောင်ပြည်သူအချို့ ဝမ်းပျက်သည့်ရောဂါ ခံစားနေကြရကြောင်း သိရသည်။

လက်ရှိ မိုးရာသီကာလ မိုးရေကြီးချိန် စစ်ရှောင်စခန်းများတွင် ရေပိုက်လိုင်းများ ပြတ်တောက်နေသဖြင့် မိုးရေများကို ခံယူပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေသည်ဟု ဖွန်လွန်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။

“ကျမတို့ စခန်းမှာ မိုးအရမ်းကြီးရင် ရေမထွက်တော့ဘူး။ ရေဗုံးအကြီးထဲ မိုးရေခံပြီး သုံးနေကြတယ်။ မိုးရေကို ကျိုချက်ပြီး သုံးတယ်။ အရင်ရက်က ရေ ၃-၄ ရက်လောက်မလာဘူး အခုတော့လာနေတယ်။ ရေလာပေမယ့် လုံးဝမကောင်းဘူး ရွံ့တွေတောင်ပါတယ်။ ကျမလည်း အခု ဝမ်းရောဂါဖြစ်နေရတယ်။” ဟု KNG ကို ပြောသည်။

လက်ရှိ ဖွန်လွန်ယန်စစ်ရှောင်စခန်းတွင် ဂျွန်လအတွင်း ဝမ်းပျက်ဝမ်းလျောကြောင့် ဖျားနာသူ ၃၀ ဦးခန့် ရှိပြီ ဖြစ်သည်။

“ကျမတို့ စခန်းမှာ ရေကို ကန်နဲ့ ပိုက်က ရေတခါထဲကျအောင်လုပ်ထားပေးတယ်။ အဆင့်ဆင့် စစ်ပြီးတော့ ရေသန့်အောင်တော့ လုပ်ပေးထားတယ်။ တာပေမယ့် မိုးတွင်းရောက်ရင် ရေက လုံးဝမကောင်းတော့ဘူး။ ရေကို မလာတော့တဲ့အချိန်လည်း ရှိတယ်။ ကျမတို့စခန်းမှာ ရေတွင်းတော့ရှိတယ်။ အိမ်နဲ့ ရေတွင်းနဲ့ဝေးတဲ့ မိသားစုတွေက သွားမခပ်သုံးနိုင်ကြဘူး။ မိုးရေသုံးတယ်။” ဟု ဆိုသည်။

ထို့်ပြင် လိုင်ဇာမြို့ နေရာအချို့တွင်လည်း မိုးတွင်းကာလ ကော်ဖီရောင်ပြောင်းသည့် သောက်ရေသုံးရေများကို အသုံးပြုနေကြရသောကြောင့် ကျန်းမာရေး ထိခိုက်လာမည်ကို လိုင်ဇာဒေသခံများ စိုးရိမ်နေကြသည်။

၂၀၁၁ ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ပြည်နယ်အနှံမှ ပြည်သူများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိကာ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...