မဏိပူရ်ပြည်နယ်တွင် မြန်မာယက္ကန်းသမား ၁၀၀ ကျော်ဖမ်းဆီးခံရ

မဏိပူရ်ပြည်နယ်တွင် မြန်မာယက္ကန်းသမား ၁၀၀ ကျော်ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ကို ဒေသတွင်းရဲတပ်ဖွဲ့က ဇွန် လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

မဏိပူရ်ပြည်နယ် ချူရီချမ်းပူရ်ခရိုင် နယူးလမ်ကား (New Lamka) မြို့တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများကို မဏိပူရ်ရဲတပ်ဖွဲ့က တစ်အိမ်ဝင်တအိမ်ထွက် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းခံရသူ ၁၂၀ ခန့်ရှိပြီဟု မဏိပူရ်ပြည်နယ်တွင် နေထိုင်သည့် ယက္ကန်းသမားတစ်ဦးကပြောသည်။

“ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး၊ ဒီမနက် ၆ နာရီလောက်ကနေ ယက္ကန်းရုံတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး လိုက်ဖမ်းနေတာ အချုပ်ကားနဲ့ကိုတင်သွားတာ ဘယ်လိုလုပ်မလဲတော့မသိဘူး" ဟု ၎င်းကပြောသည်။

မဏိပူရ်ပြည်နယ် နယူးလမ်ကားမြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

အများစုသည် အိမ်ငှါးကာ ယက္ကန်းလုပ်ငန်းကို ကိုယ်ပိုင်လုပ်ကိုင်ကြသည်ဟု သိရသည်။

မဏိပူရ်အာဏာပိုင်များသည် ယခင်ကလည်း မြန်မာနိုင်ငံသားယက္ကန်းသမားများကို ဖမ်းလေ့ရှိပြီး ယခုကဲ့သို့အဖမ်းခံရပါက ၎င်းတို့ကို ခန်းမကြီးတစ်ခုတွင် အကျယ်ချုပ်သဘောဖြင့် ထားရှိလေ့ရှိကာ ထိုနေရာတွင် ယက္ကန်းလုပ်ငန်းများကိုမူ လုပ်ကိုင်ခွင့်ပြုသည်ဟု သိရသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...