ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌအပါအဝင် လေးဦး သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခံရ

ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌအပါအဝင် လေးဦး သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခံရ
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်

ဘီးလင်းမြို့နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း အပါအဝင် လူလေးဦးကို ဇွန်လ ၂၂ ရက် နံနက်ပိုင်းက နစက ကောင်စီဘက်က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးကျော်မျိုးမင်း၊ ရပ်ကျေး NLD ပါတီဝင်များဖြစ်သော ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦးသည် အလုပ်ကိစ္စပြီး၍ အပြန် လယ်ကတဲကျေးရွာအရောက်တွင်  စစ်ကြောင်းထိုးလာသော စစ်ကြောင်းနှင့် တွေ့ဆုံကာ ပစ်ခတ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က လယ်ကတဲကျေးရွာဘက်ကို အလုပ်ကိစ္စနဲ့ သွားတဲ့အချိန်မှာ စစ်ကြောင်းနဲ့ တိုးပြီး အဖမ်းခံလိုက်ရတယ်။ ဒေသခံတစ်ဦးကတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့သိရတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုကြောင့် ရွာသားတယောက် သေဆုံးခဲ့ပြီး  ဦးကျော်မျိုးမင်း အပါအဝင် ၃ ဦးကို ဘီးလင်းမြို့နယ် ဒေါဇံကြီးဘုန်းကြီးကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

 ဦးကျော်မျိုးမင်းသည် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်  ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်းမှာ ဦးကျော်မျိုးမင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ အပါအဝင် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသောကြောင့်  တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...