လောင်းလုံးမှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးပြီး ၃ နာရီအကြာ အလောင်းလာပစ်သွား

လောင်းလုံးမှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးပြီး ၃ နာရီအကြာ အလောင်းလာပစ်သွား

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးပြီးနောက် ၃ နာရီအကြာမှာ နေအိမ်အနီး အလောင်းလာ စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ဟာ ဝဗျောကျေးရွာက  နေအိမ် ၃ လုံးကို ဝင်ရောက်စီးနင်းပြီးနောက် ဒေါ်ခင်ချိုကို ဖမ်းဆီးသွားတာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဖမ်းဆီးသွားတဲ့ ဒေါ်ခင်ချိုရဲ့ ရုပ်အလောင်းကို နေအိမ်အရှေ့မှာ လာရောက် စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့ ဒေါ်ခင်ချိုမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေအပြင် ဓါးဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေအဆိုအရ ဒေါ်ခင်ချိုဟာ ကျေးရွာအတွင်း အေးအေးဆေဆေး နေထိုင်ပြီး ဈေးရောင်းသူ ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နက်ညှဉ်းပန်း နှိပ်စက်ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်ချိုကိုတော့ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ သဂြိုဟ်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ကျေးရွာတွေအတွင်း ဝင်ရောက် စီးနင်းပြီးနောက် အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...