မွန်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်း ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးမြင့်တက်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်ရှင်များထံက သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အမြတ်မရရှိသည့် အနေအထားရှိနေကြောင်း ကျိုက်ထိုမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“အခုက အလုပ်သမားခတွေကလည်း မြင့်လာတယ်။ အလုပ်သမားက ဌားသုံးရတာလေ။ ပြီးတော့ ကျနော်တို့ လုပ်ငန်းသုံးပစ္စည်းတွေ အကုန်ဈေးတက်တယ်။ အဆောက်အဦဆို ပိုဆိုးတယ်။ ဆောက်ပြီးရင် ကျနော်တို့အတွက်က ဘာမှမကျန်ဘူး။ ရှုံးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်လုပ်နိုင်မှု အ‌နေအထား သိသိသာသာ ကျဆင်းလာကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းငယ်တစ်ချို့ရပ်နားလာကြပြီဖြစ်ကြောင်း မော်လမြိုင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အဆောက်အဦကြီးတွေ မယူတော့ဘူး။ အဆောက်အဦတွေဆို အမြတ်က မကျန်ဘူး။ အရင်းရဖို့တောင် အနိုင်နိုင်ပဲ။ လုပ်ငန်းကြီးသမားတွေပဲ အခုချိန်မှာ လုပ်နိုင်တာ။ လုပ်ငန်းသေးတဲ့ လူတွေဆို နားတဲ့သူက နားကုန်ကြပြီ”ဟု ၎င်းက ပြောသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာသောကြောင့် လုပ်ငန်းလုပ်ဆောင်ရာမှာ ပိုမိုခက်ခဲလာကြောင်း ဆက်ပြောသည်။

လက်ရှိ ပြည်တွင်းတွင် ကွန်ဒိုမီနီယံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ သုံးပုံနှစ်ပုံခန့် ရပ်တန့်နေသည့်အတွက် ဆောက်လုပ်ရေး လုပ်သား (၈) သိန်းဝန်းကျင် အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း အိမ်ခြံမြေရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှသိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...