အသံဗုံးပေါက်ကွဲပြီးနောက် ရွှေကူရှိ အထက်တန်းကျောင်း လုံခြုံရေး ကြောင့် တပါတ် ပိတ်ထားရ

အသံဗုံးပေါက်ကွဲပြီးနောက် ရွှေကူရှိ အထက်တန်းကျောင်း လုံခြုံရေး ကြောင့် တပါတ် ပိတ်ထားရ

ကချင်ပြည်နယ်၊ ရွေကူမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအတွက် စစ်ကောင်စီက လုံခြုံရေး ယူမပေးနိုင်သဖြင့် ကျောင်းပြန်ပိတ်ထားရသည်မှာ တပတ်ကျော် ရှိနေပြီ ဖြစ်သည်ဟု  ဒေသခံများက ပြောသည်။

အဆိုပါ ကျောင်းတွင် ဇွန်လ ၉ ရက်နေ့ ညပိုင်းက အသံမိုင်းတစ်လုံး အခွဲခံရ၍ ယခု ဇွန်လ ၁၉ ရက်နေ့ အထိ ကျောင်းပြန် ပိတ်ထားရပြီး ကျောင်းပြန်ဖွင့်နိုင်ရေး ကျောင်းအုပ်ကြီးမှ စစ်ကောင်စီထံသို့ ကျောင်းလုံခြုံရေး ယူပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

သို့သော်လည်း စစ်ကောင်စီက လုံခြုံရေး မယူပေးသောကြောင့် ယနေ့အချိန်ထိ ကျောင်းမဖွင့်နိုင်သေး ခြင်း ဖြစ်သည်ဟု သိရသည်။

“နောက်တစ်ခါ ဗုံးမပေါက်ဘူး ဘယ်သူပြောနိုင်မလဲ ကလေးတွေထိမှာကို တွေးကြောက်မိလို့ အိမ်က သားနဲ့ သမီးကို မပို့တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ခြေရင်းအိမ် ခေါင်းရင်းအိမ်ကလူတွေလည်း သူတို့သားသမီးတွေ မပို့ရဲ ကြဘူးတဲ့လေ။ အခုလည်း ကျောင်းအုပ်ကြီးက လုံခြုံရေးတောင်းတာ မရလို့ မဖွင့်ဘူး‌ပြောတာနဲ့ အတော် ပဲ” ဟု ကျောင်းသားမိဘတစ်ဦး က ပြောသည်။

ကျောင်းဖွင့်စဖွင့်အချိန်တွင် ကျောင်းထားစရာမရှိ၍ ကျောင်းအပ်ခဲ့သည့်သူများခဲ့ပြီး အများဆုံးအပ်ကြသည်မှာ အတန်းငယ်များဖြစ်သည့် မူလတန်းများ ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ကလေးများထိခိုက်မည်စိုးသဖြင့် ကျောင်းလည်း ဆက်မပို့ရဲဖြစ်နေသည်ဟု ကျောင်းသားမိဘများ က ပြောသည်။

ရွှေကူမြို့တွင် ဇွန်ဆန်းက ကျောင်းများ စဖွင့်ခဲ့ပြီး တိန်ဟွန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ နှုတ်ချိုကျေးရွာတို့ တွင်လည်း အထကခွဲဆိုပြီး ယခုစာသင်နှစ်အတွက် ကျောင်းများဖွင့်လှစ်ထားသည် ဟု သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းအပ်နှံသူဦးရေ တစ်သိန်း လေးသောင်းကျော်ခန့်ရှိပြီး မြစ်ကြီးနားမြို့နယ်တွင် ကျောင်းအပ်နှံသူ အများဆုံးဖြစ်သည်ဟု ပြည်နယ်ပညာရေး ဦးစီးဌာန ထံမှ သိရသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...