၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်ပြည်နယ် အောင်ချက်အကောင်းဆုံး ထွက်ရှိ

၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်ပြည်နယ် အောင်ချက်အကောင်းဆုံး ထွက်ရှိ

၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၁၇ရက်)တွင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး၌ မွန်ပြည်နယ်သည် အောင်ချက်အကောင်းဆုံး ထွက်ရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် တက္ကသိုလိဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆိုသူ ၁၁,၂၁၂ ဦး ရှိသည့် အနက် ၆,၄၁၄ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၇ ဒဿမ ၂၁ ရှိကြောင်း ပညာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးက ၅၂ ဒဿမ ၁၆ ရာခိုင်းနှုန်းဖြင့် ဒုတိယ အောင်ချက် အကောင်းဆုံးဖြစ်ပြီး၊ တတိယအနေဖြင့် မန္တလေးတိုင်းဒေသကြီးက ၄၉ ဒဿမ ၉၂ ရာခိုင်းနှုန်း အောင်ချက် ရရှိခဲ့ကြောင်း သိရသည်။

အောင်ချက် ရာခိုင်နှုန်း အနည်းဆုံး ပြည်နယ် နှစ်ခုသည် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၈၁,၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ ၁၃၂,၀၇၇ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်‌ရာခိုင်နှုန်းမှာ ၄၆.၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မွန်ပြည်နယ်သည် ၂၀၀၈ – ၂၀၀၉ ပညာသင်နှစ် မှ (၂၀၁၃ – ၂၀၁၄) ပညာသင်နှစ်အထိ မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အကောင်းဆုံးကို ၆ နှစ်ဆက်တိုက်ရရှိခဲ့သည်။

၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနေရာ ရရှိခဲ့ပြီး ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်နှင့် ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင် ပထမနေရာ ပြန်လည်ရရှိခဲ့ပြီး ၂၀၇ – ၂၀၁၈ ပညာသင်နှစ်တွင် တတိယနေရာကို ရရှိခဲ့သည်။

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်တွင် ပထမနေရာပြန်လည်ရရှိခဲ့ပြီး ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ဒုတိယနေရာရရှိခဲ့ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...