ယခုနှစ်အစိုးရဓမ္မာစရိယ စာမေးပွဲ အောင်ချက်အလွန်နည်းပါး

ယခုနှစ်အစိုးရဓမ္မာစရိယ စာမေးပွဲ အောင်ချက်အလွန်နည်းပါး
ရာမညဓမ္မာစရိယ ပရိယတ္တိစာမေးပွဲ ဖြေဆိုနေသော မွန်သံဃာများ(MNA)
ရာမညဓမ္မာစရိယ ပရိယတ္တိစာမေးပွဲ ဖြေဆိုနေသော မွန်သံဃာများ(MNA)

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေသံဃာ ၁၇၀၀၀ ကျော်ရှိသည့်အနက် ၁၃၀၀ နီးပါး ရ ဒသမ ၅ ရာခိုၚ်နှုန်းသာအောင်မြင်သဖြင့် အောင်ချက်အလွန်နည်းပါးကြောင်း ဇွန် ၁၆ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ကာလ ဓမ္မာစရိယစာမေးပွဲတွၚ် အောၚ်မြၚ်သူ ရ၆ ရာခိုၚ်နှုန်းကျော်၊ ၂၀၂၁ ခုနှစ်တွၚ် ၁၈ ဒသမ ၅ ရာခိုၚ်နှုန်းရှိခဲ့ကြောၚ်း သိရသည်။

သံဖြူဇရပ်မြို့ နန္ဒဝန်စာသၚ်တိုက်မှ ဆရာတော် ခေမာနန္ဒက “အစိုးရက ကျၚ်းပတဲ့စာမေးပွဲဆိုတော့ အရှိန်အဝါကြီးစေလိုလို့ အလွယ်တကူ မအောၚ်နိုၚ်ဘူးဆိုတာ ပြချၚ်လို့ သိက္ခာကို ထိန်းကြတဲ့သဘောမှာရှိတယ်။ ဒီနှစ်မေးခွန်းက သိပ်မခက်ဘူး။ အောၚ်စာရၚ်းမထွက်ခၚ်က ကျမ်းပြီးစာရၚ်းဆိုပြီး အွန်လိုၚ်းမှာ ပေါက်ကြားတာက (၆၀၀) ပါးကျော်တယ်။ ဒီနေ့အောၚ်စာရၚ်းထွက်တော့ ၂၆၀ ကျော်ပဲရှိတယ်။ အရၚ်နှစ်တွေ အောၚ်မြၚ်သူများသွားလို့ ဒီဘက်နှစ်တော့ သေသေချာချာ ပြန်စိစစ်လိုက်လို့ ရှုံးတဲ့သူများတယ်လို့ ယူဆစရာရှိတယ်” ဟု မိန့်ကြားသည်။

အလားတူ မွန်ပြည်နယ်တွၚ် ဖြေဆိုသူ ၁၂၀၀ ပါးကျော်ရှိပြီး ကျမ်းရၚ်း ၃ ကျမ်းအောၚ် ကျမ်းပြီး ဓမ္မစရိယဘွဲ့ရသံဃာ ၂၇ ပါး၊ ကျမ်းရၚ်း ၂ ကျမ်းအောၚ် ၂၅ ပါးနှၚ့် ကျမ်းရၚ်း ၁ ကျမ်းအောၚ် ၄၃ ပါး စုစုပေါၚ်း အောၚ်မြၚ်သူ ၉၅ ပါးသာရှိပြီး အောၚ်ချက် ၈ ရာခိုၚ်နှုန်းနီးပါးရှိကြောၚ်း သိရှိရသည်။

စာစစ်အဖွဲ့ဝင် ဆရာတော်တစ်ပါးက “မေးခွန်းတွေက သိပ်မခက်ပါဘူး။ မဖြေနိုၚ်လို့ ကျတာပဲ။ အရည်အချၚ်း မပြည့်မီဘူး။ အစိုးရဘက်က ချလို့ကျတာမဟုတ်ဘူး။ မဖြေနိုၚ်လို့ကျတာပါ။ မွန်သံဃာတော်တွေပဲ အောၚ်ချက်နည်းနေတာ မဟုတ်ဘူး။ တစ်နိုၚ်ငံလုံးလိုလို အောၚ်ချက်မကောၚ်းဘူး” ဟု မိန့်ကြားသည်။

ယမန်နှစ်ကဖြစ်ပွားခဲ့သော ကိုဗစ်ကပ်ရောဂါကြောင့် ဝါဆိုကာလတလျှောက်လုံး စာသၚ်တိုက်အားလုံး ပိတ်ထားရပြီး ဝါကျွတ်ကာလရောက်မှသာ စာသၚ်တိုက်များ ပြန်လည်ဖွင့်လှစ်သၚ်ကြားနိုၚ်သောကြောၚ့် စာလေ့လာရန် အချိန်နည်းပါးခြင်းကြောင့် အောၚ်ချက်နည်းပါးရခြင်းဖြစ်ကြောၚ်း သုံးသပ်မှုများ ရှိသည်။

Caption; ရာမညဓမ္မာစရိယ ပရိယတ္တိစာမေးပွဲ ဖြေဆိုနေသော မွန်သံဃာများ(MNA)

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...