စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကြောင့် ကန်ပက်လက်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကြောင့် ကန်ပက်လက်ပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် CDF-ကန်ပက်လက်တပ်ဖွဲ့နဲ့ တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေဟာ ဘေးလွှတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကန်ပက်လက် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “အခုရှောင်တဲ့ရွာက ၅ ရွာ၊ ပထမတစ်နေရာကိုရှောင်တာ အဲ့ဒီ ဖက်ကို စစ်ကြောင်းရှိတော့ နောက်တစ်နေရာ ထပ်ပြီးပြေးရတာ။ လူဦးရေ ၆၀၀ လောက်ရှိမယ်။ သူတို့ကို ပြည်သူ့ အုပ်ချုပ်ရေးအစီအစဉ်နဲ့ လုံခြုံတဲ့တစ်နေ ရာမှာ သွားရှောင်ကြတယ်။ စစ်ကြောင်းထိုးမယ်ဆိုရင်လည်း လွယ်လွယ်နဲ့ မရောက်နိုင်တဲ့နေရာရွေးပြီးမှ ပို့ပေးတဲ့သဘောပါ။” ဟု ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကန်ပက်လက်မြို့နယ် အမှတ် (၅) တိုက်နယ်ဘက်ကို စစ်ကြောင်းထိုးရာကနေ ရုတ်တရက် နောက်ကြောင်းပြန်ဆုတ်လာတာကြောင့် အပြိုင်း၊ ငုံလောင်း၊ အမ်ပုံ၊ ကျော့တော်နဲ့ ချင်းလက်မွန်ရွာက ပြည်သူတွေကို ဘေးလွှတ်ရာကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတာလို့ သူက ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဇွန်လ ၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာပေါင်း ၁၁ ရွာလောက်ရှိပြီး လူဦးရေအားဖြင့် ၂၀၀၀ ကျော်လောက်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကန်ပက်လက် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်ပြည်သူတွေကို မိုးရာသီလည်းဖြစ်တော့ သူတို့ကို ကူညီဖို့အတွက် တိုက်တွန်းနှိုးဆော်ချင်တယ်။ အဓိက လိုအပ်ချက်က သူတို့ တောထဲမှာ ပြန်ထိုးဖို့က တာလပတ် ရယ်၊ မိုးကာရယ်၊ ရိက္ခာခြောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခင်က ဒေသခံပြည်သူ ၅၀၀၀ ကျော်လောက်ဟာ တောတောင်တွေထဲကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့ချိန်ထိနေရပ်မပြန်နိုင်ကြသေးပါဘူး။

ယခုတစ်ချိန်  တိုက်ပွဲတွေတကျော့ပြန်ဖြစ်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...