ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် အကျဆုံးများ

ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် အကျဆုံးများ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက်တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွား မှု ဆက်လက်ပြင်းထန်နေပြီး ဇွန်လ ၁၂ ရက်က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အကျဆုံးများသည်ဟု သိရသည်။

CDF-ကန်ပက်လက် တပ်ရင်း၂ Vakok တပ်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-ကန်ပက်လက်တပ်ဖွဲ့များက ပြန်လည်ဝိုင်းထားပြီးပစ်ခတ်ရာတွင် စစ်ကောင်စီတပ်က Vakok စခန်းကိုမီးရှို့ကာ အင်အားအလုံးအရင်းဖြင့် ကျော့တော်ရွာနှင့် အံပုံရွာအထိ လိုက်လံထိုးစစ်ဆင်လာရာမှာ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်သည်။

Vakok တပ်စခန်းသည် ဇွန်လ ၁၀ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲအတွင်း လက်နက်အင်အား၊ လူအင်အားမမျှသောကြောင့် CDF-ကန်ပက်လက်က စွန့်လွှတ်လိုက်ရသည့် တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။

Vakok တပ်စခန်း၊ ကျော့တော်ရွာနှင့် အံပုံရွာတို့တွင်ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြပြီး CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိဘဲ ပြန်လှည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု CDF-ကန်ပက်လက်က ဆိုသည်။

အဆိုပါတိုက်ပွဲပြင်းထန်သည့်နေရာသို့ ကန်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူမပေးနိုင်ရေးအတွက် ထွေအုပ်ရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-ကန်ပက်လက်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်သည်။

တိုက်ပွဲကြောင့် ကျော့တော်နှင့် အံပုံကျေးရွာက ပြည်သူအားလုံးသည်လည်း နီးစပ်တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၂ ရက်နေ့ညက အံပုံကျေးရွာတွင် စခန်းချခဲ့ကြပြီး ကျေးရွာရှိနေအိမ်များ ဖောက်ထွင်းခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖမ်းဆီးဖြတ်သတ်စားသောက်ကြကာ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

CDF- ကန်ပက်လက် တပ်ရင်း ၇ မဟူရာတပ်ရင်းဖက်တွင်လည်း ဇွန်လ ၆ ရက်နေ့က မကွေးတိုင်းဒေသရှိ အပေါကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်ဟု CDF-ကန်ပက်လက်က ထုတ်ပြန်ထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...