ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိ

ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း ကလေးမြို့ထဲတွင် ဇွန် ၁၃ နေ့ည ၁၀ နာရီကျော်ကျော်ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက်တွင် လက်နက်ကြီးကျည် အနည်းဆုံး ၁၀ ကြိမ်ထက်မနည် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“စုစုပေါင်း လက်နက်ကြီးကျတာက ၁၂ လုံး၊ ဒဏ်ရာရတဲ့သူအတိအကျသိတာတော့ ၇ယောက်ရှိတယ် ဒါပေ မယ့် ၁၀ ယောက်လောက်လည်းဖြစ်နိုင်တယ်၊ ကျွန်တော်အိမ်ရှေ့မှာလည်းကျတယ် ဒဏ်ရာရတယ်၊ ဒါပေမယ့် စိုးရိမ်ရတဲ့ အနေ အထားမရှိဘူး၊ လက်ခြေဖြတ်ရမယ့်အနေအထားတော့မရှိဘူး မနေ့ကကိစ္စနဲ့တော့ ကျွန်တော်တို့ ကံကောင်းကြ တယ်လို့ပြောရမယ်” ဟု တာဟန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

တာဟန်းရက်ကွက် (A Group) တစ်ခုထဲတွင် လက်နက်ကြီးကျည် ၇ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၄ လုံးပျက်စီးခဲ့ပြီး လူသေဆုံးမှုတော့မရှိကြောင်း ၎င်းက ဆက်ပြောသည်။

တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိခဲ့ပြီး မေလ ၂၉ ရက်နေ့ကလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက်ကပ်ရပ်နေအိမ်မှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...