တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ နောက်ကျမည်

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ နောက်ကျမည်

စစ်ကောင်စီလက်အောက်ရှိ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သတ်မှတ်ရက်ထက်တစ် ပတ်ခန့်နောက်ကျမှ ထုတ်ပြန်နိုင်မည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၈ ရက်နေ့ မှသာ ထုတ်ပြန်မည်ဖြစ်သည်ဟု သိရသည်။

“အောင်စာရင်းတွေ ဘယ်တော့ထွက်မလဲ ဖြေထားတဲ့ကလေးတွေ လာလာမေးတိုင်း အရင်က သိထားတဲ့အတိုင်း ဇွန်လ ၁၂ ရက်လို့ပဲ ဖြေပေးနေကျပါ။ အခုတော့ ၁၈ ရက်နေ့ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲတော့ မသိဘူး” ဟု ပညာရေး ဝန်ထမ်းတစ်ဦး က ပြောသည်။

သို့သော် မည်သည့်အကြောင်းအရင်းကြောင့် အောင်စာရင်းထုတ်ပြန်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်သည်မူ မသိဘူး ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပခဲ့ပြီး ကျောင်းသူ/သားဦးရေ စုစုပေါင်း နှစ်သိန်းကျော်ဝင်ရောက် ဖြေဆိုခဲ့သည်ဟု စစ်ကောင်စီ လက် အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျောင်းသူ/သား နှစ်သိန်းကျော်သည် နိုင်ငံခြားစာစစ်ဌာန ၂ဝ ခု နှင့် ပြည်တွင်း စာစစ်ဌာန ၁၂၃၈ ခု တို့တွင် ဝင် ရောက်ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။

ယခုနှစ်သည် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း သင်ရိုးသင်ကြားမှု ဖြေဆိုမှုများ၏ နောက်ဆုံးနှစ်ဖြစ်ကြောင်း စစ်ကောင်စီ၏ အခြေခံပညာဦးစီးဌာနထံမှ သိရပါသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...