မကွေးကအလင်းဝင်လာတဲ့ PDF ဆိုသူတွေဟာစစ်ကောင်စီနဲ့ညှိနှိုင်း ထားသူတွေသာ ဖြစ်

မကွေးကအလင်းဝင်လာတဲ့ PDF ဆိုသူတွေဟာစစ်ကောင်စီနဲ့ညှိနှိုင်း ထားသူတွေသာ ဖြစ်

စစ်ကောင်စီက ဝါဒဖြန့်နေတဲ့ မကွေးတိုင်းငဖဲမြို့နယ်က PDF (၉) ဦးလက်နက်အပ်ပြီး အလင်း ဝင်လာတဲ့သူတွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်တယ်လို့ People Revolution Alliance(PRA - Magway) က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ငဖဲမြို့နယ်အတွက်းမှာ လှုပ်ရှားနေကြတဲ့ PRA-Magway ၊ 3T-Trangle နဲ့အနောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃) ဖွဲ့ရှိသာရှိပြီး စစ်ကောင်စီက အလင်းဝင်လာတယ်ဆိုတဲ့ သူတွေနဲ့ အဲ့ဒီအဖွဲ့အစည်းတွေဟာ မသက်ဆိုင်ဘူးလို့ သိရပါတယ်။

“စစ်ကောင်စီဘက်ကသတ္တိရှိမယ်ဆိုရင်ဒီကိုးဦးဟာဘယ်တပ်ဖွဲ့ကလာခဲ့တယ်ဆိုတဲ့ကိစ္စကိုသူတို့ပြောလို့ရတယ်။ အဲလိုမဟုတ်ပဲ ရောချပြီးတော့မှ ငဖဲမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုသိက္ခာကျအောင်ပြည်သူလူထုရဲ့ယုံကြည်မှုထောက်ခံမှုကျဆင်းလာအောင်စနစ်တကျလုပ်ဆောင်တယ်လို့ယူဆပါတယ်”လို့  PRA-Magway စစ်ဦးစီးချုပ် ဟာကျူလီက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေကို အပြီးတိုင်မချေမှုန်းနိုင် တော့တဲ့အတွက် အခုလို ဝါဒဖြန့်ချီနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးရိမ် ပူပန်တာမရှိဘူးလို့ သူကပြောပါသေးတယ်။

စစ်ကောင်စီက အလင်းဝင်လာတယ်ဆိုတဲ့ ဝါဒဖြန့်နေသူတွေဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ ဆန္ဒပြပြီး တခြားနေရာတွေကို တိမ်းရှောင်သွားသူတွေဖြစ်ပြီး အစောပိုင်းကာလတွေထဲက ခံဝန် ကတိနဲ့ နေအိမ်ပြန်နေသူတွေဖြစ်ကာ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သူတွေမဟုတ် ဘူးလို့ သိရပါတယ်။

ဇွန်လ(၁၃) ရက်နေ့မှာ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အုပ်ချုပ်ရေးရုံးမှာ PDF သင်တန်းဆင်းပြီး အလင်းဝင်လာသူလူငယ်(၉) ဦးကို စစ်ကောင်စီက ထောက်ပံ့ငွေ တစ်သိန်းနဲ့ လက်ဆောင်ပစ္စည်းတွေပေးပြီး အုပ်ထိန်းသူတွေဆီပြန်အပ်ခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့် သတင်းထုတ်လွှင့်ခဲ့တာပါ။

ငဖဲမြို့နယ် စေတုတ္တရာ မြို့နယ်အစပ်မှာ ဧပြီလအတွင်းက People’s Revolution Alliance နဲ့ Asho Chin Defence Force ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေပြီး ငဖြူကြီး၊ သက္ကယ်တောင်၊ သက္ကယ်ကျင်း ကျေးရွာက စစ်ရှောင်ပြည်သူတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက စောင့်ရှောက်ထားပါတယ်။

စစ်ကောင်စီက ဝါဒဖြန့်နေတဲ့ အလင်းဝင်လာသူတွေထဲမှာ စစ်ဘေးရှောင်တွေမပါဝင်ဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ် ကို အတည်ပြုထားပါတယ်။

Most read this week

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...