စစ်ရေးတင်းမာနေမှုကြောင့် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်းလာ

စစ်ရေးတင်းမာနေမှုကြောင့် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်းလာ
(ပလက်ဝမြို့မှ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဉ်) photo - Chin World Media
(ပလက်ဝမြို့မှ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဉ်) photo - Chin World Media

ချင်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးတင်းမာနေမှုကြောင့် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်းလာနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က ပလက်ဝမြို့အနောက်ဘက်ကမ်းရှိ အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ရေလမ်းကုန်းလမ်းများကို ပိတ်ဆို့ထားခြင်း၊ ကန့်သတ်ထားခြင်းနှင့်အတူ နှစ်ဘက်တပ်များ အနီးကပ်နေရာယူထားခြင်း စသည့်စစ်ရေးတင်းမာမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ပလက်ဝဒေတွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေကာ စစ်ဘေးရှောင်တို့မှာ စားဝတ်နေရေးအကျပ်အတည်းဒဏ်ကို ပိုမိုခံစားနေကြရသည်။

“အခုလောလောဆယ်တော့ စားနပ်ရိက္ခာကို WFP က ထောက်ပံ့ပါတယ်။ အခုကစပြီးတော့ လမ်းတွေအကုန်လုံးပိတ်ထားတယ်။ အခုစားနပ်ရိက္ခာက တစ်လစာလောက်တော့ ရှိသေးတယ်။ တကယ်လို့ နောက်ထပ်တိုက်ပွဲဖြစ်ရင်တော့ ဘယ်ကိုထွက်ပြေးရမလဲမသိဘူး။ ပြေးစရာနေရာလည်း မရှိတော့ဘူး။ အိမ်တွေလည်းပျက်စီးနေတဲ့အတွက် မိုးရွာရင်အခက်အခဲတွေရှိတယ်”ဟု ပလက်ဝမြို့ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ အတွင်းရေးမှူးဖြစ်သူ ကိုမောင်လှဝင်းက DMG သို့ပြောသည်။

အဆိုပါ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၇၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၉ နောက်ပိုင်း ကျေးရွာအနီးတွင်တိုက်ပွဲဲဖြစ်ပွားမှုများကြောင့် အထက်မီးလက်ဝ၊ နှမဒါ၊ သရက်တောင်၊ ကေသက်၊ လေသက်၊ ရုပ်ဝ စသည့်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပလက်ဝစစ်ဘေးရှောင်များအတွက် WFP တစ်ခုတည်းကသာ စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းဖြစ်ပြီး လူကယ်ပြန်မှ ရိက္ခာထောက်ပံ့မှုမရှိသည်မှာ ၆ လခန့်ကြာမြင့်လာနေပြီဖြစ်သည့်အတွက် ပို၍ကျပ်တည်းနေခြင်းဖြစ်ကြောင်းလည်း စစ်ဘေးရှောင်တို့ကဆိုသည်။

ယင်းကြောင့် နောက်ထပ်တိုက်ပွဲဖြစ်ပွားပါကာ စစ်ဘေးရှောင်များမှာ ယခုထက် စားဝတ်နေရေးပိုမိုအခက်အခဲရှိနိုင်သည့်အတွက် နောက်ထပ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမည်ကို စစ်ဘေးရှောင်တို့က စိုးရိမ်နေကြသည်။

“အခုက ကျွန်တော်တို့ဖက်မှာ နှစ်ဖက်တင်းမာမှုတွေရှိတယ်။ နောက်ထပ်တိုက်ပွဲဖြစ်ရင် စစ်ဘေးရှောင်တွေအတွက် အများကြီးအခက်အခဲရှိနိုင်တယ်။ တိုက်ပွဲမဖြစ်ရင်တောင် ကုန်စျေးနှုန်းတွေ တအားစျေးတက်နေတာ။ တိုက်ပွဲဖြစ်ရင်တော့ စားနပ်ရိက္ခာတောင်သယ်လို့ရမှာမဟုတ်ဘူး”ဟု ပလက်ဝမြို့ပေါ်ရှိ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက DMG သို့ပြောသည်။

အဆိုပါ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှာ မီးလက်ဝ၊ သူဌေးကုန်း၊ သရက်တောင်၊ စမ်းချောင်းဝ၊ လေသက်၊ စမ်းချောင်းဌေး စသည့်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ပြီး လူဦးရေ ၈၀၀ ကျော်ရှိကာ ရခိုင်၊ ခူမီး၊ ဒိုင်းနက် စသည့်တိုင်းရင်းသားများဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေမှုနှင့်ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးနေလင်းအား DMG ကဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပလက်ဝစစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့်မသိရသေးကြောင်းဆိုသည်။

ပလက်ဝမြို့ပေါ်တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...