PDF တွေ လက်နက်အပ်ပြီး ပြည်သူ့ဘဝ ကို ပြန်ဝင်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီပြော

PDF တွေ လက်နက်အပ်ပြီး ပြည်သူ့ဘဝ ကို ပြန်ဝင်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တခြားအဖွဲ့အစည်းအမျိုးမျိုးတို့အနေနဲ့ လက်နက်အပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရင် ကြိုဆိုလက်ခံသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်လိုက်ပါတယ်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုတွေကို ပြုလုပ် နေမယ်ဆိုရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေး စေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအရ သဘောထားကွဲလွဲမှု တိုင်းရင်းသားအရေး အရ သဘောထားကွဲလွဲမှုတွေကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားခဲ့ ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်မှာ “အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် တွေနဲ့အညီဆောင်ရွက်ပြီးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြန်လည် ကျင်းပပြီး အနိုင်ရပါတီ ကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ နိုင်ငံတော်လွှဲအပ်သွားမှာဖြစ်တယ်လို့ ၂၀၂၀ ခုနှစ် အထွေထွေရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကို လက်နက်ပြ အာဏာသိမ်းထား တဲ့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို လက်နက်အပ်ဖို့ ပြောဆိုနေပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို စွန့်ခွါပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ရဲနဲ့ တပ်မတော် သား (၁) သောင်းကျော်ရှိနေပြီလို့ ပြည်သူ့စစ်သားအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း (၂၅၀) ကျော်ရှိနေပြီး သီးခြားအဖွဲ့ အစည်းပေါင်း (၄၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုင်းရင်းသားနယ်မြေတွေ ၊ မကွေး၊ စစ်ကိုင်း က နယ်မြေ တွေကို လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို သာလွန်အင်အားတွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...