ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံရပြီး အစာရေစာပါ ဖြတ်တောက်ခံထားရ

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံရပြီး အစာရေစာပါ ဖြတ်တောက်ခံထားရ

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မတရား ရိုက်နက်ညှဉ်းပန်း နှိပ်စက်ခံနေရပြီးနောက် အစာရေစာပါ ဖြတ်တောက် ခံထားရတယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားမဂ္ဂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘားအံထောင်ပိုင်အသစ် ဦးလှဆွေ ဦးစီးတဲ့အဖွဲ့ဟာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က စပြီး မတရား ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တာတွေ ဆက်တိုက် ကျုးလွန်နေတာပါ။

ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ရာဇဝတ်အကျဉ်းသား တွေနဲ့ ရောနှောထားတာကို လက်မခံကြောင်း ပြောဆိုတဲ့အတွက် အဆောက်အဦးထဲမှာ ဂျောင်ပိတ်ပြီး ကျောက်ခဲနဲ့ ပစ်ပေါက်တာတွေအပြင် လေးခွနဲ့ ပစ်ပြီး နှိပ်စက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးရေထဲမှာ ပုံစံထိုင်ခိုင်းတာ၊ အစာရေစာကို လုံလောက်စွာမပေးဘဲ ဖြတ်တောက်ထားတာ၊ ရေချိုးခွင့်နဲ့ ကျဉ်ကြီးကျဉ်ငယ်တွေကို စနစ်တကျ စွန့်ခွင့်မပေးတဲ့အထိ ညှဉ်ပန်းနှိပ်စက်လာတယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ နှဖူးကွဲ၊ လက်ပေါက်၊ သွေးထွက်လွန်ဒဏ်ရာတွေ ရရှိထားပေမယ့် ထောင်အာဏာပိုင်တွေက ဆေးကုသခွင့်လည်း မပေးဘူးလို့ ဆိုပါတယ်။

ဘားအံထောင်အာဏာပိုင်တွေဟာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသား ၂၀ ဦးနဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်နေတာ ဖြစ်ပါတယ်။

ထောင်ပိုင်အသစ် ဦးလှဆွေဘားအံအကျဉ်းထောင်ကို ပြောင်းလာပြီးနောက် လူ့အခွင့်အရေး အပြင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်းလာတာ ဖြစ်ပါ တယ်။

ဘားအံအကျဉ်းထောင်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကျောင်းသား အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဖမ်းဆီးခံထားရတာ ဖြစ်ပြီး အကျဉ်းသားအများစုကတော့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

Most read this week

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...