လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ထိုင်းအစိုးရကိုတောင်းဆို

လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ထိုင်းအစိုးရကိုတောင်းဆို

ခိုလှုံခွင့်တောင်းခံထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပြီး သူတို့ရဲ့ ဒုက္ခသည်ဖြစ်မှုကို ထောက်ခံပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။

ထိုင်းရေတပ် ထိုင်းနိုင်ငံတောင်ပိုင်း ဆူတွန်ခရိုင်ဒေသန္တရအနီး ခိုဒွန်ကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည် (၅၉) ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသား (၃၁) ဦး၊အမျိုးသမီး(၂၃) ဦးနဲ့ ကလေးငယ်(၅) ဦးပါဝင်ကာ သူတို့ကိုတော့ အမှတ် (၄၃၆) နယ်စပ်လုံခြုံရေးယူနစ်မှာ ထိန်းသိမ်း ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် တစ်ဦးကို ဘတ်(၆၀၀၀၀) ပေးထားရပြီး ငွေယူထားတဲ့ ပွဲစားတွေက စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

“ကယ်တင်ထားသော ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို ပိတ်လှောင်ထားပြီး တံခါး သော့ကို အဝေးလွှတ်ပစ်တတ်တဲ့ ထိုင်းအစိုးရရဲ့ မူဝါဒကို အဆုံးသတ်သင့်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံ အတွင်းသို့ ရောက်ရှိနေတဲ့ ရိုဟင်ဂျာများကို ခွဲခြားသတ်မှတ်ပြီး ဒုက္ခသည် အဖြစ်ခံ ယူ‌ရေးအတွက် ကူညီနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီတွေကို လုပ်ဆောင်ခွင့် ပေးသင့်ပါ တယ်” လို့ Human Rights Watch ရဲ့ အာရှဒါရိုက်တာ အယ်လိုင်နီပီတာဆန်က ပြောခဲ့ ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျတွေအကြောင်းကို ပထမဦးဆုံးအနေနဲ့ Thai PBS သတင်းဌာနက ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်နေ့က အစီရင်ခံထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က လူဦးရေထူထပ်တဲ့ စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခစည်ဦးရေ (၁) မီလျံ နီးပါးရှိပြီး ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့်လည်း ရိုဟင်ဂျာ (၇) သိန်းကျော်ဟာ အိုးအိမ်စွန့်ခွါပြီး ဘဟာဆန်ချာကျွန်းပေါ်ကို ပြောင်းရွှေ့ခဲ့ရပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ (၆) သိန်းကျော်ရှိနေသေးပြီး သွားလာမှု၊စာသင်ကျောင်းနဲ့ ကျန်းမာရေးစင်တာတွေကို လက်လှမ်းမှီနိုင်စွမ်းတွေကန့်သတ်ခံထားရပြီး အဲ့ဒီထဲ က လူဦးရေ (၁၂၅၀၀) ဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်းတိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ဒုက္ခသည် စခန်းတွေကို ဖိအားပေးပြောင်းရွှေ့ခံခဲ့ရတာပါ။

ထိုင်းအာဏာပိုင်တွေက ရိုဟင်ဂျာလူဦးရေ (၄၇၀) ကို လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတွေမှာ ထိန်းသိမ်းထားပြီး ဒုက္ခသည်ခံယူရေးလုပ်ငန်းစဉ်တွေအတွက် လက်လှမ်းမှီခွင့်မပေးထား ဘူး လို့ Human Right Watch က ပြောထားပါတယ်။

ဒုက္ခသည်တွေကို တခြားသော ရွှေ့ပြောင်းလုပ်သားလုပ်ငန်းစဉ်တွေက ခွဲခြားထားနိုင်ဖို့ ယန္တရား တွေကို လုပ်ဆောင်ဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ အစည်းတွေက တောင်းဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ သူတို့အနေနဲ့ အဲ့ဒီလုပ်ငန်းစဉ်တွေကို ထားရှိတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ ပြောဆိုထားပေမယ့် လက်တွေ့ဆုံးဖြတ်ရေးလုပ်ငန်းစဉ်တွေတော့ အကောင် အထည်ဖော်တာ မရှိပါဘူး။

လှေစီး ဒုက္ခသည်တွေကို ခွဲခြားသတ်မှတ်တာမရှိပဲ ဖမ်းဆီးထိန်းသိမ်းပြီး လှေတွေကို ပင်လယ်အတွင်း ပြန်လည်ပို့လွှတ်တာတွေ လုပ်ဆောင်ထားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်လို့ ထိုင်းအစိုးရကို စွပ်စွဲပြောဆိုထားကြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ သူတို့ရဲ့ နည်းလမ်းဟောင်းကို အသက်သွင်းမယ့်အစား ဒုက္ခသည်တွေကို ထွေးပွေ့တဲ့ လက်တစ်စုံနဲ့ ကြိုဆိုသင့်တယ်လို့ Fortify Right အဖွဲ့ရဲ့ လူ့အခွင့်အရေးကျွမ်းကျင် သူ အကြီးတန်းအရာရှိ ဂျွန်ကွင်လင်းက ပြောဆိုခဲ့ပါတယ်။

Ref: Thai Enquirer

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...