မွန်ပညာရေးဌာန၏ သက်မွေးဝမ်းကျောင်းပညာသင်တန်း လာမည့်သြဂုတ်လအတွင်း ဖွင့်လှစ်မည်

မွန်ပညာရေးဌာန၏ သက်မွေးဝမ်းကျောင်းပညာသင်တန်း လာမည့်သြဂုတ်လအတွင်း ဖွင့်လှစ်မည်

မွန်ပညာရေးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် သက်မွေးဝမ်းကျောင်းပညာသင်တန်း ဒုတိယအကြိမ်ကို လာမည့်သြဂုတ်လအတွင်း  ဖွင့်လှစ်ရန်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဒုတိယကြိမ်မြောက်သင်တန်းအတွက် သင်တန်းသား ၆၀ ဦးလက်ခံသွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်သူတိုင်း လာရောက်လျှောက်ထား နိုင်ကြောင်း မွန်ပညာရေးဌာနမှ တာဝန်ရှိသူ မိခွန်လဝါ(ခန်လွာ)က ပြောသည်။

“ Batch 2 အတွက် မော်လမြိုင် မွန်ပညာရေးရုံးမှာရော ရေးဆက်သွယ်ရေးရုံးမှာပါ၊ လျှောက်လွှာတွေ ယူလျှောက်နိုင်ပါပြီ။ အဓိက က အသက် ၁၈ ပြည့်ဖို့လိုပါတယ်၊ ဒါမှ အလုပ်ဝင်တဲ့ အခါကျရင် အသက်ပြည့်စေဖို့ပါ” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် လာရောက်လျှောက်ထားသူများသည် သက်မွေးဝမ်းကျောင်းပညာကို အမှန်တကယ် စိတ်ဝင်စာသူဖြစ်ပြီး သင်တန်းပြီးမြောက်ပါက လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရန် လိုအပ်ကြောင်းလည်း မိခွန်လဝါက ဆက်ပြောသည်။

လက်ရှိ ဖွင့်လှစ်ထားဆဲဖြစ်သည့် ပထမအကြိမ် သင်တန်းတွင် သင်ခန်းစာ တစ်ဝက်ကျော် သင်ကြားပြီးမြောက်ခဲ့ပြီး သင်တန်းဆင်းပါက သက်ဆိုင်ရာ လုပ်ငန်းခွင်များနှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း Logistic officer ဆရာထောဆိုက်က ပြောပါတယ်။

“ပထမသုတ်တွေကတော့ မောကျူ ၁၂ အထိသတ်မှတ်ထားတာ အခုဆို ၈ အထိရောက်တဲ့ အတန်းတွေလည်း ရောက်နေပြီ။ အာလုံးပြီးသွားရင်လည်း ဆရာ ဆရာမတွေက ပြန်လှန်သင်ကြားပေးသွားမှာပါ၊ အကုန်လုံး စာတွေ့ထက် လက်တွေ့ပိုသင်ကြားပေးတော့ သင်တန်းသားရဲ့ အရည်အချင်းတွေကို ပိုပြီးသိရတယ်၊ သင်တန်းဆင်းပြီးရင်လည်း သူတို့တတ်ထားတဲ့ပညာတွေ အလကား မဖြစ်ရအောင် လုပ်ငန်းရှင်တွေဆီ ကျွန်တော်တို့ ချိတ်ဆက်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

 သက်မွေးဝမ်းကျောင်း ပညာသင်တန်းသည်  ကျောင်းတစ်ဝက်တစ်ပြတ် နားထားသည့် မွန်လူငယ်များ အလုပ်ကိုင်ခွင့်လမ်း ရရှိစေရန်ရည်ရွယ်ပြီး မွန်ပညာရေးဌာနမှ ဦးစီးကာ အခြေခံစက်ချုပ်နည်း ၊ ဆံပင် မိတ်ကပ် အလှပြင်နည်းနှင့် အခြေခံ စက်ပြင်နည်း အမျိုးမျိုးကို သင်ကြားပို့ချပေးနေကြောင်း သိရသည်။

ယခုနှစ်အတွင်း သက်မွေးဝမ်းကြောင်းသင်တန်းကို နှစ်ကြိမ်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် သုံးလ အချိန်ယူကာ ရေးချောင်းဖျားဒေသရှိ ညီဆားစခန်းတွင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သင်တန်းအတွင်း သင်ထောက်ကူအနေဖြင့် အပ်ချုပ်စက် အလုံး ၂၀၊ အလှပြင်ပစ္စည်းနှင့် စက်ပစ္စည်းအဟောင်းအပျက်များ ပြည့်ပြည့်စုံစုံရှိကြောင်းလည်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...