ဒီမိုကရေစီအရေး လှုပ်ရှားတွေကို သေဒဏ်စီရင်ပါက စစ်ကောင်စီအတွက် ပြန်လမ်း မရှိနိုင်

ဒီမိုကရေစီအရေး လှုပ်ရှားတွေကို သေဒဏ်စီရင်ပါက စစ်ကောင်စီအတွက် ပြန်လမ်း မရှိနိုင်
သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်။
သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ လူငယ် ၂ ဦးကို သေဒဏ်စီရင်ပါက စစ်ကောင်စီအတွက် ပြန်လမ်း မရှိနိုင်ဘူးလို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ထားတဲ့ သူတို့ ၄ ဦး ရဲ့ အယူခံပြင်ဆင်ချက်ကို ပယ်ချပြီး သေဒဏ်အမိန့်အား အတည်ပြုလိုက်တယ်လို့ ဇွန် ၃ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာတာပါ။

သေဒဏ်အမိန့်ကို အတည်ပြုပြီး ဖြစ်တာကြောင့် ကွပ်မျက်လုပ်ငန်းစဉ်ကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ငါတို့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ ခံယူချက်အတိုင်း မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သေဒဏ်စီရင်ပါက  ပြန်လမ်း မရှိနိုင်ဘူးလို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဦးကြီးမြင့်က ဆိုပါတယ်။

“သူတို့က ၂၀၀၈ အခြေခံဥပဒေကိုတောင် ‌ဖောက်ဖျက်ပြီး အာဏာသိမ်းထားတာလေ။ဘာမဆို လုပ်ရဲတယ်လို့ ပြောတယ်။အဲဒီတော့ မှတ်လောက်သားလောက်အောင် လုပ်ပြမှဖြစ်မယ်ဆိုပြီးတော့ မသတ်ဘူးလို့လည်း ပြောလို့ မရဘူး။သတ်လာတဲ့အခါမှာ ပေးဆပ်ရမယ့် အကျိုးဆက်ကတော့ အကြီးကြီးပဲ။ဒါမို့လို့ လူမိုက်ဆိုတာ အဲဒါတွေ ထည့်မတွက်လို့ အာဏာသိမ်းတာပေါ့။အခုလူတွေ သတ်နေတာ”လို့ သူက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဟာ အမျိုးသားညီညွတ်ရေးအစိုး NUG အပါအဝင် CRPH တို့နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်လုပ်ငန်းမှာ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီတတိယအပတ်မှာ စစ်ခုံရုံးကနေ သေဒဏ်အမိန့် ချမှတ်ထားတာပါ။

အကျဉ်းထောင်လက်စွဲဥပ‌ဒေအရ သေဒဏ်ချမှတ်ခံရသူတွေကို နိုင်ငံတော်သမ္မတက‌နေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ထောင်ဒဏ် ၁၀ နှစ်ထိ လျှော့ပေါ့တာလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလို သေဒဏ် အယူခံလွှာ udk ကို ပယ်လိုက်ပြီး သေဒဏ်အမိန့်အား အတည်ပြုလိုက်တယ်ဆိုရင် တစ်လ ဒါမှမဟုတ် တစ်လခွဲအတွင်း ကွပ်မျက်မယ့်ကိစ္စ ဆောင်ရွက်သွားနိုင်တယ်လို့ ဦးကြီးမြင့်က ဆိုပါတယ်။  

မြန်မာနိုင်ငံမှာတော့ ၁၉၇၆ ခုနှစ် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တုန်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ပြီး သေဒဏ် စီရင်ခဲ့ပါတယ်။

စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သေဒဏ်စီရင်မယ့်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းမှူးချုပ် ဂူတာရက်က အလွန်အမင်း စိတ်ပူနေရကြောင်းနဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တိုက်တွန်းထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...