ကရင်နီ စစ်ရှောင် ကလေးငယ် တချို့ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံး

ကရင်နီ စစ်ရှောင် ကလေးငယ် တချို့ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံး
Photo:KT Time
Photo:KT Time

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ် ပွားနေပြီး ကလေးငယ်အချို့ သေဆုံးမှုများ ရှိနေသည်ဟု အကူအညီပေးနေသူများ က ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဆောင်ဒူလာဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျှက် ရှိရာ ကလေးသူငယ်ချို့ အသက်သေဆုံးမှုရှိနေသည်ဟု သိရသည်။

“ဒီရောဂါဖြစ်လာတာ တစ်လလောက်ရှိတော့မယ်။ ရာသီဥတု အပြောင်းအလဲကြောင့်က တစ်မျိုး၊ ကလေးငယ် တွေ အာဟာရချို့တဲ့နေတာကလည်း တစ်မျိုးမို့ သေဆုံးရခြင်း ဖြစ်သလို တိုက်ပွဲကြောင့် ဆန်၊ ဆီ၊ ဆားနဲ့ ဆေး တွေလည်း အရမ်းခက်ခဲနေတာလည်း ဖြစ်တယ်။ အလျင်မှီအောင် မကူညီနိုင်မှာပဲ စိုးရိမ်နေရတယ်” ဟု ကရင်နီ ပြည်နယ်အတွင်းက စစ်ရှောင်အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ကလေးငယ်များတွင် ဖြစ်ပွားသည့် ဝမ်းရောဂါသည် ဆေးကုသရန် မခက်ခဲသော်လည်း ကရင်နီပြည်နယ်၏ နေ ရာအနှံ့အပြားတွင် စစ်ကောင်စီတပ် နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ဆေးဝါးများ ရရှိ ရန်အတွက် ခက်ခဲနေသည်ဟု သိရသည်။

ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ၎င်းတို့ အထဲတွင် အသက်ရှစ်နှစ်အောက် ကလေးငယ် ပမာဏမှာ ၂၀ ရာနှုန်းအထိရှိနေသည်ဟုလည်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကရင်နီ စစ်ဘေးရှောင်ပြည်သူများထဲတွင် ၁၈ နှစ်အောက် ကလေးနှင့် အမျိုးသမီး အရေအတွက်သည် ၇၀ ရာခိုင် နှုန်းအထိရှိသည်ဟု သိရသည်။

ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့်မြို့နယ်များအပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ တို့ အပါအဝင် ကရင်နီဒေသအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူ အများစုသည် ဒီးမော့ဆိုမြို့နယ်ထဲ က ဖြစ်သည်ဟု ဆိုသည်။

ဒီမောဆိုးမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် နေ့စဉ် နေ့တိုင်းနီးပါး တိုက်ပွဲများ ပြင်းထန်စွား ဖြစ်ပွားလျှက်ရှိသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...