အမှိုက်ကောက်သူ ယူလာသည့် ဆောင်းဘောက် ထဲမှ ဗုံးကွဲ၊ အမှိုက်ကောက်သူ သေဆုံး

အမှိုက်ကောက်သူ ယူလာသည့် ဆောင်းဘောက် ထဲမှ ဗုံးကွဲ၊ အမှိုက်ကောက်သူ သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အမှိုက်ကောက်သူတစ်ဦးက ဆိုင်ကယ်ဖြင့် ပေါင်ကြားတွင် ညှပ်သယ်လာသော ဆောင်းဘောက် အတွင်းမှ ဗုံးပေါက်ကွဲပြီး မှုတစ်ခုဖြစ်ပြီး လူတစ်ဦးထိခိုက်သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

မေလ ၂၉ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ စကားဝါလမ်းရှိ VIP အရက် နှင့် ယမကာ အချိုရည် စတိုးဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စွန့်ပစ်ပစ္စည်း ကောက်သည့် လူငယ်တစ်ဦး ဆိုင် ကယ်မောင်းနှင် လာစဥ် ထိခိုက်သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပေါက်ကွဲသံက အိမ်တောင်တုန်သွားတယ်။ မီးခိုးတွေ ဝေဝေဝါးဝါးထဲမှာ သူက(သေဆုံးသူ) လဲနေတယ်။ တအားအားနဲ့ နှစ်ချက် သုံးချက် အော်ပြီး ငြိမ်ကျသွားတယ်” ဟု အဆိုပါ လမ်းအတွင်း နေထိုင်သည့် မျက်မြင် တွေ့ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသူသည် ရေသန့်ဗူးခွံ၊ ဘီယာဗူးခွံနှင့် စွန့်ပစ်ပစ္စည်းများ ကောက်ရောင်းသည့် ပုသိမ်မြို့ အမှတ် ၁ ရပ် ကွက်၊ ဆင်းသီရိ ၄ လမ်းတွင် နေထိုင်သူ အသက် ၂၈ နှစ် အရွယ်၊ ကိုဇော်မင်းထွန်း ခေါ် ကိုလုံးတုံး ဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က အတည်ပြုပြောသည်။

သေဆုံးသူက ဆောင်းဘောက် တစ်လုံးကို ပေါင်ကြားတွင် ညှပ်၍ ဆိုင်ကယ်မောင်းနှင်လာ နေစဥ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ဆောင်းဘောက် (Song Box) ထဲက ဗုံးက ထပေါက်တာ။ ဆောင်းဘောက်ကို ဘယ်ကယူလာသလဲ ဆိုတာ ရဲ က စုံစမ်းနေတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆိုင်ကယ် တူးဘောက် အတွင်းမှ တွေ့ရှိသည့် ထမီ နှင့် အထည်အချို့ သေဆုံးသူအနီးမှတွေ့ရှိသည့် ၎င်း၏ လက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့က ယူသွားသည်ဟု သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် ထို့နေ့ နံနက်ပိုင်းက တပ်ထောက်ခံပွဲ ကျင်းပရန် ပြင်ဆင်နေထားသည့် ကန်သုံးဆင့်ကွင်းသို့ သွားရာလမ်းပေါ်တွင် ထိုနေရာနှင့်မီတာ ၇၀၀ ကျော်ခန့်တွင်ဖြစ်ပြီး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံး နှင့် မီတာ ၂၅၀ အကြားတွင် ရှိသည်။

ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် နံနက် ၉ နာရီကျော်အချိန်ခန့်တွင် အမှတ် ၃ ရပ်ကွက် ကန်သာယာကွင်းအတွင်း၌ စစ်ကောင်စီ တပ်ထောက်ခံပွဲကို စစ်တပ်ထောက်ခံသူနှင့် စစ်မှုထမ်းဟောင်း အင်အား တစ်ရာကျော်ခန့်ဖြင့် ပြု လုပ်ခဲ့သည်ဟု ကန်သာယာကွင်း အနီးနေထိုင်သူများက ပြောသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...