အင်းတော်တွင်ဇနီးသည်ထံပြန်မည့်အမျိုးသား ယမ်းမှုန့်မိရာမှ စစ်ကောင်စီကသတ်ဖြတ်

အင်းတော်တွင်ဇနီးသည်ထံပြန်မည့်အမျိုးသား ယမ်းမှုန့်မိရာမှ စစ်ကောင်စီကသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဇနီးသည်ဆီကို ပြန်ရန်ဆိုင်ကယ်စီးနှင်လာသည့်အမျိုးသားတစ်ဦးတွင် ယမ်းမိသဖြင့် စစ်ကောင်စီကသတ်ပစ်လိုက်ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။

ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် နေ့လယ် ၁နာရီခန့်တွင် အင်းတော်မြို့မှ ကောလင်းမြို့ရှိဇနီးသည်ထံပြန်မည့်အမျိုးသားတစ်ဦး ကိုကျောင်းကုန်းကျေးရွာ အရောက်တွင်စစ်ကောင်စီတပ်က စစ်ဆေးမိရာ ယမ်းမှုန့်များတွေ့ရှိသဖြင့် PDF ဟုထင်မှတ်၍သတ်ပစ်လိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“ကောလင်းကသူ့မိန်းမဆီကိုပြန်တာ ဆိုင်ကယ်တူးဘောက်ထဲမှာ ယမ်းပါသွားလို့ စစ်ပြီးသတ်လိုက်တာ ကျောင်းကုန်းရွာကားလမ်းဘေးမှာပဲသတ်လိုက်တာ”ဟု ၎င်း အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။

သတ်ခံလိုက်ရသည့်ယင်းအမျိုးသားမှာ မော်လူးကျေးရွာနေသူဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်ကြောင်း သိရသည်။

“သူက PDFတော့မဟုတ်ပါဘူး ကျနော်တို့နဲ့လည်းအချိတ်အဆက်မရှိဘူး ယမ်းကတော့ နေရာအမျိုးမျိုးမှာ သုံးလို့ရတယ်ဆိုတော့သယ်လို့ရတယ်ထင်ပြီးသယ်သွားတာနေမှာ”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

ယင်းအမျိုးသား၏ရုပ်အလောင်းအား အင်းတော်ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယနေ့သဂြိုလ်လိုက်ကြောင်းသိရသည်။

အင်းတော်တွင် အပြစ်မဲ့အရပ် သားပြည်သူသတ်ခံရမှုမှာယခုပထမ ဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...