မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အတွက် အမှု ၃ မှု လာမည့် ဇွန်လလယ်အတွင်း အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း မလျော်သြဇာသုံးသည်ဟုသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)၊ ၁၇၁ (စ)နှင့် အမှု ၃ မှု တရားစွဲဆို ထားသည်။

မေလ ၂၄ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် မော်လမြိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

သို့သော် တရားခံပြသက်သေ ရောက်မလာသောကြောင့် ရုံးချိန်းကို မေလ ၃၁ ရက်သို့ ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ပြီးခဲ့သည့် မေလ ၁၆ ရက်က အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံဝန်ထမ်းများကို CDM တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဟုသော စွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးသည်။

ဒေါက်တာအေးဇံသည် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အမှု ၃ မှုဖြင့် တရားရင်ဆိုင်နေရသည်။

အလားတူ ထောင် ၂၁ နှစ် ချမှတ်ခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင် အထူးတရားရုံးက မေလ ၂၅ ရက်က ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ကြောင်း သတင်းရရှိသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...