မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

မွန်ဝန်ကြီးချုပ်ဟောင်း၏ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု အမှု ၃ မှုကို ဇွန်တွင် အမိန့်ချမည်

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အတွက် အမှု ၃ မှု လာမည့် ဇွန်လလယ်အတွင်း အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း မလျော်သြဇာသုံးသည်ဟုသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)၊ ၁၇၁ (စ)နှင့် အမှု ၃ မှု တရားစွဲဆို ထားသည်။

မေလ ၂၄ ရက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် မော်လမြိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

သို့သော် တရားခံပြသက်သေ ရောက်မလာသောကြောင့် ရုံးချိန်းကို မေလ ၃၁ ရက်သို့ ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေါက်တာအေးဇံကို ပြီးခဲ့သည့် မေလ ၁၆ ရက်က အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံဝန်ထမ်းများကို CDM တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည့်ဟုသော စွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးသည်။

ဒေါက်တာအေးဇံသည် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု အမှု ၃ မှုဖြင့် တရားရင်ဆိုင်နေရသည်။

အလားတူ ထောင် ၂၁ နှစ် ချမှတ်ခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင် အထူးတရားရုံးက မေလ ၂၅ ရက်က ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ကြောင်း သတင်းရရှိသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...