ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၉၀ ကျော်ပျက်စီး

ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၉၀ ကျော်ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေလ ၂၄ရက်) နေ့လည် ၁၁ နာရီကျော်က လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၉၀ ကျော် ပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်း ထံမှ သိရသည်။

ပေါင်မြို့နယ် အလှပ်ကျေးရွာ အနောက်ပိုင်း၊ ခင်တန်းနှင့် ကွက်သစ်ပိုင်းတို့တွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး နေအိမ် ၃ လုံးမှာ ပြိုကျပျက်ဆီးခဲ့ကြောင်း၊ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး အသင်းမှ ဆိုသည်။

"အဘွားရဲ့အိမ်က နဲနဲ ကွင်းပြင်သဘောမျိုးမှာရှိတော့ လုံးဝပြိုသွားတာ။အိမ်ပိသွားတယ်။ဆေးရုံကို ပို့ထားပါတယ်။ ရွာအခြေအနေကတော့ အိမ် ၃ အိမ်ကတော့ လုံးဝ ပြိုသွားတယ်"ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ပြီးခဲ့သည့် ရက်က မွန်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ဒဏ်ကြောင့် ပေါင်မြို့နယ်မှ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မုန်တိုင်းငယ်ကြောင့် လေဘေးသင့်အိမ် စုစုပေါင်း ၁၃၂ အိမ်ရှိပြီးပြိုပျက်ခဲ့သည့် အိမ်ပေါင်း ၂၁ အိမ်ရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

လေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာက ပျက်ဆီးသွားသည့် အိမ်မျိုးအစားအလိုက် ထောက်ပံ့နိုင်ရန် လုပ်ဆောင်နေပြီး သဘာဝဘေးစီမံဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...