ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ချင်းပြည်နယ် ထန်တလန်မြို့ တွင် ယမန်နေ့ မေလ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Thantlang တပ်ဖွဲ့အကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်သို့ ထိုးစစ်ဆင်လာပြီး CDF-Thantlang တပ်ဖွဲ့နှင့် မွန်းလွဲပိုင်း ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု CDF-Thantlang က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့ပြီး CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာသည့် ထန်တလန်မြို့အမှတ် ၁ ရက်ကွက်သည် လူနေအိမ်များမီးလောင်မှုမရှိသေး သည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က အိမ်တိုင်းကို မီးရှိုခဲ့ကြသည့်အတွက် နေအိမ်အတော်တော်များများမီးလောင်ပြာကျ သွားခဲ့ရသည်ဟု သိရသည်။ မီးလောင်ပြာကျသွားသည့် အိမ်ခြေအရေအတွက်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ကို လွန်ခဲ့သော ၂၀၂၁ ခုနှစ်စက်တင်ဘာလမှစ၍ ယမန်နေ့ မေလ ၂၃ ရက်နေ့အထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင် ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်နေထိုင်သည့် ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးသည်လည်း နယ်စပ်ဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...