မုန်တိုင်းကြောင့် သုံးခွမြို့နယ်က ရေလုပ်သား ၈ ဦး ဘီလူးကျွန်းရှိ ကျေးရွာတစ်ရွာသို့ရောက်ရှိနေ

မုန်တိုင်းကြောင့် သုံးခွမြို့နယ်က ရေလုပ်သား ၈ ဦး ဘီလူးကျွန်းရှိ ကျေးရွာတစ်ရွာသို့ရောက်ရှိနေ

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ရေလုပ်သား ၈ဦး မွန်ပြည်နယ် ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ၈ ဦးမှာ ရန်ကုန်မြို့နယ် သုံးခွမြို့ အောင်သာဒန်းကျေးရွာမှ ဖြစ်ပြီး လက်ရှိတွင် ကမာကေးကျေးရွာ စခန်းမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးပြီး ကောင်းမွန်စွာ ထားရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ကျွန်တော်တို့ ရုံးကိုလာတိုင်တော့ ကျွန်တော်တို့ ထိန်းသိမ်းထားပေးတယ်။ ကျန်းမာရေးလည်း ကောင်းကြပါတယ်။ သူတို့က အခု ကျွန်တော်တို့ရွာရဲ့ မလှမ်းမကမ်းမှာ လှေဆိပ်ရှိတယ်။ အဲဒီလှေဆိပ်မှာ လယ်သမားတွေနဲ့ အတူတူနေနေတယ်” ဟု ၎င်းက ပြောသည်။ပြီးခဲ့သည့် မေ ၂၀ ရက် ညနေပိုင်းတွင်လည်း ပေါင်မြို့နယ် တပ်မှူးချောင်ကျေးရွာအနီး ဘိုင်လောင်းချောင်းတွင် ငါးဖမ်းနေသည့် အမျိုးသား ၆ ဦးရေစီးနှင့် မြောပါကာ ၁ဦးသာလျှင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။

ကျန်အမျိုးသား ၅ ဦးမှာ အသက် ၂၀ အရွယ်ဖြစ်ပြီး ယနေ့တိုင် ပျောက်ဆုံးနေသောကြောင့် သက်ဆိုင်ရာမှ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မေလ ၂၀ ရက်နေ့၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ လဲကျကာ ဆိုင်ခန်းနှင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများ ရှိခဲ့သည်။အဆိုပါ ၈ဦးသည် ကျားဖောင် ရေလုပ်သားများဖြစ်ပြီး မုန်တိုင်းကြောင့် ကျားဖောင်ပျက်ကာ အဆိုပါကျေးရွာသို့ အရေးပေါ် ကမ်းကပ်လာခြင်းဖြစ်ကြောင်း သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...